Google ပဲ Smart မျက်မှန်ထုတ်နိုင်တာ မဟုတ်ပါဘူး။ အမေရိကန် အခြေဆိုက် Vuzix ကုမ္မဏီလည်း Smart Glass တစ်မျိုး ထုတ်လုပ် လိုက်ပြီ ဖြစ်ပါတယ်။ uzix Smart Glasses M100 လို့ အမည် ပေးထား ပါတယ်။ အသုံးပြုပုံကလည်း Google မျက်မှန်နဲ့ သိပ်မကွာပါဘူး။ Vizix ကတော့ သူတိုပိုသာတယ်လို့ ဆိုပါတယ်။ iPhone , Android ဖုန်းများနဲ့ ပူးတွဲ အသုံးပြုနိုင်အောင် ပြုလုပ်ထားတယ်လို့ဆိုပါတယ်။ Vizix ဟာ နဂိုကလည်းက ရုပ်ရှင်ကြည့် မျက်မှန်ကို ထုတ်လုပ်နေတဲ့ ကုမ္မဏီ ဖြစ်ပါ တယ်။ ဒါကြောင့် M100 ကိုလည်း အဆင့်မြင့်မြင့် ပြုလုပ် ထားမှာ ဖြစ်ပါ တယ်။ အသုံးဝင်ပုံများ ကတော့ အောက်ပါအတိုင်း ဖြစ်ပါ တယ်။
Bluetooth ပါဝင်ပြီး ဖုန်းနဲ့ တိုက်ရိုက်ချိတ်ပေးထားပါတယ်။ Modify ပြန် လုပ်ထားတဲ့ Android OS ပေါ်မှာ အခြေခံပြီး အလုပ်လုပ်မယ့် မျက်မှန် ဖြစ် ပါတယ်။ သို့ပေမယ့် iOS သုံး iPhoneများ နဲ့လည်း တွဲသုံးလို့ ရအောင် စီမံပေးထား ပါတယ်။ မျက်မှန်တပ်ထား ရင် ဖုန်းကို ဖွင့်ကြည့်နေစရာ မလိုပဲ အလိုလို ပေါ်မယ့် Option များစွာ ပါရှိပါတယ်။ ဥပမာ- Message များရောက်လာရင် မျက်မှန် မှာ အလွယ် တကူ ဖတ်နိုင်ပါမယ်။ ပြီးတော့ Message ပြန်လည် အကြောင်းပြန်ဖို့ အတွက်လည်း အသံနဲ့ စာရိုက်မယ့် voice command ပါရှိပါသေးတယ်။ ဗီဒီယို တယ်လီဖုန်းလည်း ပြောဆိုနိုင်ပါတယ်။
ကင်မရာလည်း ပါရှိပြီး ဓာတ်ပုံကို မျက်မှန်နဲ့ ရိုက်နိုင်ပြီး Facebook တို့လို Social Network တွေမှာ ချက်ချင်း Upload လုပ်နိုင်ပါတယ်။ အပြင်သွားတဲ့ အခါ လမ်းမသိတဲ့ အခါမျိုးကျ အင်တာနက် မြေပုံ ဝန်ဆောင်မှု တွေက တစ်ဆင့် နေရပ်လိပ်စာများကို မှန်မှာ အလိုအလျောက် ပေါ်စေပါတယ်။ အရှေ့ ၊ အနောက်၊ တောင်၊ မြောက် လမ်းပြပေးပြီး နေရပ်လိပ်စာ အတိ အကျ ပြသပေးနိုင်ပါတယ်။ သို့ပေမယ့် ယင်းကတော့ Mapping service - Authorized ဖြစ်နိုင်တဲ့ နိုင်ငံတွေမျာပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
နားကြပ်လည်း တွဲပါပါတယ်။ ရုပ်ရှင်ကြည့်လို့ရပြီး 3D ရုပ်ရှင်တောင် ကြည့်ရှုလို့ ရတယ်လို့ ဆိုပါတယ်။ Youtube က MTV များ၊ ဗီဒီယိုများလည်း ကြည့်ရှုနိုင်ပါတယ်။ အင်တာနက်ကနေ စိတ်ကြိုက် ဗီဒီယိုများ Download ဆွဲပြီးလည်း မျက်မှန်မှာ Offline ကြည့်ရှုလို့ ရပါတယ်။ မျက်မှန်မှာ နာနို နည်းပညာ အသုံးပြုထားတဲ့အတွက် သေးပေမယ့် သူလုပ်နိုင်တာ အတော် များပါတယ်။ အဓိက ကတော့ ဖုန်းနဲ့ တွဲသုံးဖို့ ဖြစ်ပါတယ်။
၂၀၁၃ CES ကမ္ဘာ့နည်းပညာပြပွဲကြီးမှာ ဝင်ရောက် ပြသမှာ ဖြစ်ပါတယ်။ ၂၀၁၃ အတွက် CES (Consumer Electronic Show) ကပေးတဲ့ တစ်နှစ်တာ အကောင်းဆုံး နည်းပညာဆု အချီးမြင့်ခံရမယ့် Gadget တစ်ခုလို့ လည်း ရေပန်းစားနေပါတယ်။
ဈေးလည်း ကြီးမယ့် အနေအထားမှာ ရှိပါတယ်။ Google ရဲ့  Project Glass တောင် Developer ဗားရှင်းအတွက် အမေရိကန်ဒေါ်လာ ၁၅၀၀ သတ်မှတ်ထားပါတယ်။ User များအတွက် တကယ် ဖြန့်ချိလည်း ဈေး ကတော့ မတိမ်းမယိမ်းလောက် ရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် Vizix ကထုတ်တဲ့ M100 မျက်မှန်ကလည်း မြန်မာငွေနဲ့တွက်ရင် ၁၅ သိန်း ဝန်းကျင် လောက်တော့ တန်ဖိုးရှိမယ့် ပစ္စည်းတစ်ခု ဖြစ်ပါတယ်။
ဒါကြောင့် ငွေ ၁၅ သိန်း အကုန်ကျခံနိုင်မယ်၊ ပစ္စည်းကိုလည်း ကြိုက်တယ် ဆိုရင် ၂၀၁၃ နှစ်ဆန်းမှာ ထွက်ရှိမယ့် M100 မျက်မှန် ကို စောင့်ဆိုင်း ဝယ်ယူနိုင်ပါတယ်။
techspace မှ ကနောင်သားလေး


No comments:
Post a Comment