Ford နှင့် Microsoft တို့ အသံဖြင့် စေခိုင်းနိုင်သော ကားပေါင်း အစီး ၅ သန်း ထုတ်လုပ်ပြီး

ကားတွင်းရှိ လုပ်ဆောင်ချက်အချို့ ကို အသံဖြင့်စေခိုင်းနိုင်သည့် ကားပေါင်း အစီး ၅ သန်းကျော် ထုတ်လုပ်ရောင်းချပြီ ဖြစ်ကြောင်း အမေရိကန် အခြေ ဆိုက် Ford Motors ကုမ္မဏီမှ ထုတ်ပြန်ကြေညာခဲ့သည်။
ယင်း အသံဖြင့် စေခိုင်းသည့် Voice Command နည်းပညာကို မိုက်ခရိုဆော့ဖ် ကုမ္မဏီနှင့် ပူးပေါင်းဖန်တီးခဲ့ခြင်း ဖြစ်သည်။ Sync ဟု အမည်ပေးထားပြီး Microsoft ၏ Windows Embedded Automotive - OS ကိုအသုံးပြုထားသည်။ မော်တော်ယာဉ် လုပ်ဆောင်ချက် စနစ်နှင့် ကိုက်ညီသော Operating System ဖြစ်ပြီး မိုက်ခရိုဆော့ဖ်မှ ဖန်တီးပေးခဲ့ခြင်း ဖြစ်ကာ အဓိက အားသာချက်မှာ OS ကို ထပ်မံ Upgrade လုပ်နိုင်ခြင်း ဖြစ်သည်။ သာမန် ကွန်ပျူတာ တစ်လုံးဟာ Window တင်သကဲ့ သို့ OS version အသစ်ပေါ်တိုင်း တင်ပေးနိုင်သည်။ မိုက်ခရိုဆော့ဖ် မော်တော်ကား OS ကိုလည်း နှစ်စဉ် Upgrade လုပ်ပေးခဲ့သည်။
ဖုန်းပြောဆိုရင် အတွက်လည်းကောင်း၊ ရေဒီယိုဖွင့်ရန်၊ အဲယားကွန်း လိုသလို ချိန်ညှိနိုင်ရန်၊ သော့ခတ်ရန် အစရှိသဖြင့် Function အမျိုးမျိုးအတွက် အသံဖြင့် စေခိုင်းနိုင်သည်။ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ် သုံးဘာသာဖြင့် ထုတ်လုပ်ထားသည်။ တစ်နှစ်ထက် တစ်နှစ် ခိုင်းစေနိုင်သည့် လုပ်ငန်းစဉ်များ ပိုမိုတိုးတက်လာကြောင်း သိရသည်။
Ford ကုမ္မဏီမှ ဆော့ဖ်ဝဲ Developer များ၏ ကြိုးစားယူမှုဖြင့် ၂၀၀၇ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ဖော်ပြသနိုင်ခဲ့သည်။ စတင် ထုတ်လုပ်တပ်ဆင်မှုကို ၂၀၀၇ ခုနှစ် စက်တင်ဘာလမှ စတင်ခဲ့ပြီး ယနေ့တိုင် Ford ကုမ္မဏီထုတ် ကားများတွင် အသုံးပြုဆဲ ဖြစ်သည်။
နှစ်စဉ် ထုတ်သမျှ ကားအများစုတွင် တပ်ဆင်ပေးခဲ့ရာ ယနေ့တွင် အစီးရေ ၅ သန်းကို တပ်ဆင်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် မိုက်ခရိုဆော့ဖ်နှင့် Ford တို့သည် အစီးရေ ၅ သန်းပြည့်အထိမ်းအမှတ်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
techspacejournal မှ.....
No comments:
Post a Comment