လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, November 9, 2012

ဘင်္ဂလီများလက်မှတ်မထိုးသဖြင့် လ၀က များခေါင်းကိုက်နေရ


လက်မှတ်မထိုးသည့်အတွက်
 လ၀က များခေါင်းကိုက် နေရကြောင်း
သတင်းရရှိသည်။


ယခင်က လ၀ကများသည် ဘင်္ဂလီများ၏ လူမျိုးနေရာတွင် အမှန်အတိုင်း
ဘင်္ဂလီဟု ရေးသားခဲ့သော်လည်း ယခုအခါတွင် ဘင်္ဂလီများက ---ျာ ဟုရေး
မှ သာလက်မှတ်ထိုးမည်ဆို လာသဖြင့် ခေါင်းကိုက်နေရခြင်းဖြစ်ကြောင်း ၊
ယနေ့ တွင်လည်း လက်မှတ်မထိုးသေးသဖြင့်စာရင်းကောက်ယူသည့်
တိုင် ၀န်ခံ လက်မှတ်ရေးထိုးခြင်းကို မပြုလုပ်နိုင်သေးကြောင်းလည်း
သိရသည်။


ရွာငါး ရွာရှိ ဘင်္ဂလီများအား စာရင်းကောက်ယူရာတွင် အမျိုးမျိုးတိမ်းရှောင်
 ခြင်း၊ လ၀က မသိဘဲ ထိမ်းမြှားလက်ထပ်ပေးစားခြင်းများနှင့် နေအိမ်တွင်
ရှိသူ များစာရင်းနှင့် အိမ်ထောင်စုစာရင်းတွင်ဖော်ပြထားသူများစာရင်းမှာ ကွာခြား နေသည်များကို တွေ့ရကြောင်းသိရသည်။

နိုင်ငံတော် သမ္မတကြီး၏ ပြောကြားချက်အား လိုက်နာခြင်းမရှိဘဲ ရိုဟင်ဂျာဟု ပြောဆိုနေခြင်းသည် နိုင်ငံတော်သမ္မတကြီးကို တိုက်ရိုက်စော်
ကားလိုက် ခြင်း ဖြစ်ကြောင်းနှင့် ယင်းသို့ ဖြစ်လာစေရန် နောက်ကွယ်က ကြိုးကိုင်လှုပ်ရှား နေသူများရှိနေကြောင်း လည်းသိရသည်။

ယင်းသို့ ကြိုးကိုင်လှုပ်ရှားနေသူများကို စုံစမ်းဖော်ထုတ်ခြင်းမပြုနိုင်သမျှ ကာလ
 ပတ်လုံး လက်ရှိစစ်ဆေးနေသော စစ်ဆေးချက်များသည် အထမြောက်မည် မဟုတ်ကြောင်းလည်း ဒေသခံများက သုံးသပ်ပြောဆိုကြပါသည်။



8.11.2012 ရက်နေ့ ၊ စစ်တွေမြို့နယ် ၊ သက်ကေပြင် ဘင်္ဂလီဒုက္ခစခန်းတွင်

 လောင်းစာဆီရောင်းချနေသော ဆိုင်များ မြင်ကွင်း




Rakhine Straight Views

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..