လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, November 24, 2012

ကလေးကို ပြင်းထန်စွာအော်ငေါက်ခြင်း သို့မဟုတ် ဒဏ်ပေးခြင်းကြောင့် ကလေးကြီးလာစဉ် ကင်ဆာ၊ နှလုံးရောဂါနှင့် ရင်ကျပ်ရောဂါဖြစ်နိုင်ခြေမြင့်မား





မိမိကလေးကို ဒဏ်ပေးတာ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ဆူပူ ကြိမ်းမောင်းတာကြောင့်ကလေးငယ် ကြီးပြင်းလာရင်ကင်ဆာရောဂါအပါအ၀င်ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်နိုင်ခြေ မြင့်မားတယ်လို့ လေ့လာမှု အသစ်အရတွေ့ရှိခဲ့ပါတယ်။အသင့်အတင့် ကြိမ်းမောင်းပြီး ဒဏ်ပေးရင်တောင် ကလေးငယ်တွေမှာ ရေရှည် ကျန်းမာရေး ပြဿနာတွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကလေးငယ်တွေကို ဒဏ်ပေးတာနဲ့ ဆူပူကြိမ်းမောင်း တာကြောင့် ကလေးငယ်တွေမှာ ဖိစီးမှုတွေ များလာပါတယ်။
ဖိစီးမှုအဆင့်တွေ မြင့်တက်လာတာဟာ ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ငယ်ရွယ်စဉ်အခါမှာ ဆူပူကြိမ်းမောင်း ခံရတာကြောင့် စိတ်ဒဏ်ရာ ရရှိစေနိုင်ပြီး ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါလိုမျိုး ဖြစ်အောင် လှုံ့ဆော်နိုင်တဲ့ရေရှည်စိတ်ဒဏ်ရာရမှုတွေဖြစ်ပေါ်လာတာကြောင့်ပါလို့ဆိုပါတယ်။ သုတေသနပြုလုပ်သူတွေက ကျန်းမာတဲ့လူ အယောက်၂၅၀နဲ့ ရင်ကျပ်ရောဂါ၊ ကင်ဆာရောဂါ ဒါမှမဟုတ် နှလုံးရောဂါရှိသူ ရောဂါတစ်မျိုးမှာ ၁၅၀ဦးစီ ပါဝင်တဲ့ လူပေါင်း ၇၀၀ ကိုလေ့လာခဲ့ပါတယ်။ အရိုက်ခံရတဲ့ ကလေးငယ်တွေဟာ သာမန်ကလေးငယ် တွေထက် ကင် ဆာဖြစ်နိုင်ခြေ ၁ဒသမ၇ဆပိုများပြီး နှလုံးရောဂါဖြစ်နိုင်ခြေ ၁ဒသမ၃ဆနဲ့ ရင်ကျပ် ပန်းရောဂါ ဖြစ်နိုင်ခြေ ၁ဒသမ၆ဆ ပိုများတယ်လို့ သိရပါတယ်။
MWD မှ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..