စင်္ကာပူနိုင်ငံက
ကျောင်းသားတစ်ဦးဟာ ၂၀၀၉ ခုနှစ်အတွင်း က ကျောင်းတက်ဖော် ၁၃ နှစ် အရွယ်ကောင် မလေးနဲ့
အတူနေခဲ့ပြီး သူမရဲ့ မသိနားမလည်မှုကို အခွင့်ကောင်းယူကာ ဗီဒီယိုရိုက်ယူ
အွန်လိုင်းပေါ် တင်ခဲ့ပါတယ်။
လွန်ခဲ့သည့် အပတ်က နာမည်ကြီးခဲ့သည့် NUS မှ မလေးရှားကျောင်းသားစုံတွဲ
အဆိုပါ
ဆယ်ကျော်သက် ကျောင်းသားဟာ အခုဆိုရင် အသက် ၁၇ နှစ်ရှိပြီ ဖြစ်ပြီး ပိုလီတက်ကနစ်မှာ
ပညာသင်ကြားလျှက် ရှိပြီး အသက် ၁၆ နှစ်အောက် မိန်းကလေးတစ်ဦးနဲ့ ဆက်ဆံမှု၊ သူမ
အိနြေ္ဒပျက်ပြားအောင် ပြုလုပ်မှု၊ ရာဇ၀တ်မှုမြောက်တဲ့ အကြမ်းဖက်မှု၊ မဖွယ်မရာ ဗီဒီယို
လက်ဝယ်ထားရှိမှု၊ စက်ဘီး ၃ စီး ခိုးယူမှုများ အပါအ၀င် စွဲချက် ၂၁ မျိုးနဲ့
အမှုရင်ဆိုင်ရ လျှက် ရှိပါသည်။
ခရိုင်
တရားသူကြီး Shaiffudin Saruwan အမည် မဖော်ပြတဲ့ အဆိုပါ ကျောင်းသားကို
ခံဝန်ချက်ဖြင့် ၂၁ လ နေစေဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ သူ့အနေဖြင့်
လူမှုရေးလုပ်ငန်းများမှာ နာရီ ၁၅၀ အလုပ်လုပ် ရမှာ ဖြစ်ပါတယ်။
တရားသူကြီးက
အဆိုပါ ကျောင်းသားဟာ ထိုကိစ္စကို အရမ်းစိတ်ဝင်စားနေပြီး အင်တာနက်က အဆိုပါ
ကားမျိုး ကိုကြည့်လေ့ ရှိကြောင်း၊ သူ့မိဘများအနေဖြင့် ၄င်း၏ ကွန်ပျူတာ
အသုံးပြုမှုအား ခံဝန်ကာလ အတွင်း တာ ၀န်ခံ အကူအညီဖြင့် စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။
သားသမီးကို
ပြည်ပကျောင်းပို့သော မိဘများ သတိထား သင့်ပါတယ်။ သူ့ နိုင်ငံ အနေအထားအရ
ဘာမှ မဟုတ်ပေ မယ့် ကိုယ့်နိုင်ငံအနေအထားအရ ဘ၀ ပျက်သွားနိုင်ပါတယ်။

No comments:
Post a Comment