လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, November 7, 2012

အမေရိကန်သမ္မတ ရွေးကောက်ပွဲ အိုးဘားမား အနိုင်ရ

၂၀၁၂ ခုနှစ် အမေရိကန်
သမ္မတ ရွေးကောက်ပွဲ FOX News
သတင်းဌာန၏ နောက်ဆုံး
ထွက်ပေါ်လာသော ရလာဒ်များ
အရ အမေရိကန်သမ္မတ
ဘားရက်အိုဘားမားက ၂၇၅ မဲရရှိထားပြီး အနိုင်ရရှိကာ ပြန်လည်
 ရွေးကောက်ခံရပြီဖြစ်သည်။ မစ်ရွမ်းနေက
၂၀၃ နေရာ ရရှိထားကြောင်း သိရသည်။

ဘားရက်အိုဘားမားက ပြည်နယ် ၂၃ ပြည်နယ်တွင် အနိုင်ရရှိထားပြီး၊
မစ်ရွမ်းနေက ပြည်နယ် ၂၃ တွင် အနိုင်ရရှိထားသည်။ ကျန်ပြည်နယ်
များမှ ရလာဒ်များကို ဆက်လက်ရေတွက်နေဆဲဖြစ်ကြောင်း
သိရသည်။

7 Day News







 
ဒီတစ်ပွဲကတော့ နှစ်ဖက်သော ထောက်ခံသူတွေကို ရင်ခုန်စေခဲ့သလို စိတ်ဝင်တစား စောင့်ကြည့်ကြသူတွေအတွက်လည်း ခန့်မှန်းရခက်ခဲ
ခဲ့တယ် လို့ ဆိုပါတယ်။


ရွန်နီရဲ့ Attack Ad တွေဟာ အိုဘားမားအတွက် အကျပ်အတည်း ဖြစ်စေခဲ့ တယ်လို့လည်း ဆိုပါတယ်။ အထူးသဖြင့် လစ်ဗျားမှာ သံအမတ်ကြီး အသတ်ခံလိုက်ရတဲ့ကိစ္စ၊ အမေရိကန်စီးပွားရေး ယခုအချိန်အထိ နာလန်မထူနိုင်သေးတဲ့အချက် တွေ ဖြစ်တယ်လို့ဆိုပါတယ်။ ရွန်နီရဲ့ ဆောင်ပုဒ်က Real Change ဖြစ်ပါတယ်။ အိုဘားမားဟာ Change ကို ကြွေးကြော်ခဲ့ပေမယ့် တစ်ကယ် မပြောင်းလဲဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။

အိုဘားမားရဲ့ မဲဆွယ်စည်းရုံးမှုကို ၂၀၀၈ ခုနှစ်က အောင်ပွဲခံခဲ့တဲ့ စင်မြင့်ပေါ်မှာပဲ အဆုံးသတ်ခဲ့ပါတယ်။ အိုဘားမားရဲ့ နောက်ဆုံး မဲဆွယ်စည်းရုံးမှုမှာ ပြိုင်ဖက်ရွန်နီကို တိုက်ခိုက်တာ၊ ထည့်ပြောသွားတာ မရှိခဲ့ဘူး လို့လည်း ဆိုပါတယ်။ အိုဘားမားရဲ့ ဆောင်ပုဒ်က Forward ဖြစ်ပါတယ်။ အပြောင်းအလဲတွေ ဆက်လက်ပြီး ဆောင်ကြဉ်းမယ် ဆိုတဲ့ သဘော ဖြစ်ပါတယ်။

မဲဆွယ်မှု နောက်ဆုံးညမှာ အိုဘားမားဟာ ထောက်ခံသူ လူပေါင်း(၂)သောင်း လောက်ရဲ့ ရှေ့မှာ မျက်ရည်တွေ စီးကျနေခဲ့ပါတယ်။ ဒီနေရာဟာ အပြောင်းအလဲကို စတင်မယ့် ကျွန်တော်တို့ ခြေလှမ်း စခဲ့တဲ့ နေရာပါ လို့လည်း လူထုကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အခုတော့ တိကျတဲ့အဖြေတစ်ရပ် ထွက်ပေါ်ခဲ့ပါပြီ။ အမေရိကန်သမိုင်းမှာ ပထမဦးဆုံးသော လူမည်းသမ္မတဟာ နောက်ထပ်(၄)နှစ် အိမ်ဖြူတော်၊ ဘဲဥပုံရုံးခန်းမှာ ထိုင်ခွင့် ရရှိခဲ့ပါပြီ။

ဘယ်သူပဲ အနိုင်ရရှိသည်ဖြစ်စေ လာမယ့်(၄)နှစ်မှာ စီးပွားရေးကို အဓိက ထားပြီး ဖြေရှင်းဆောင်ရွက်ရမယ်လို့ လေ့လာသူတွေက ပြောခဲ့ကြပါတယ်။ အခုတော့ အိုဘားမားဟာ အမေရိကန်စီးပွားရေး မြှင့်တင်ဖို့ အလေးထား ဆောင်ရွက်ရမှာ ဖြစ်ပါမှာ။

ပစိဖိတ်သမ္မတ လို့ ကြွေးကြော်ထားတဲ့ အိုဘားမားရဲ့ အာရှရေးရာ မူဝါဒတွေကို ဆက်လက် ဆောင်ရွက်ခွင့် ရရှိလိုက်ပြီ ဆိုတဲ့ သဘောလည်း ပါဝင်နေပါတယ်။




No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..