လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, November 13, 2012

အာခံတွင်းအနံ့နံခြင်းနှင့် သွားပြဿနာ

အာခံတွင်း အနံ့ နံတာဟာ သွားမှာ ပြဿနာရှိ တာနဲ့ သက်ဆိုင်နေ ပါတယ်။
သွားပြဿနာ တွေ ဆိုတာ သွားမျက်နှာပြင်မှာ ကပ်ငြိနေတဲ့ စားကြွင်းစား ကျန်တွေကို ဆိုလို ပါတယ်။ ဒီစားကြွင်းစားကျန်တွေ ကနေတစ်ဆင့် သွားပိုးစားပေါက်နဲ့ သွားမျက်နှာပြင် ရှိ ကျောက်ခဲတွေဖြစ်ပြီး အဲဒီသွားပိုးစား ပေါက်နဲ့ ကျောက်တွေကနေ တစ်ဆင့် သွားဖုံးရောင် ရောဂါ တွေရပြီး ပါးစပ်နံစေတော့ တာပါပဲ။


ခံတွင်းနံ့ ကင်းစေရန်
ခံတွင်းနံ့ကင်းစင်အောင် ထိန်းသိမ်းဖို့ကတော့ သွားတွေမှာ ဖြစ်ပေါ်လာတဲ့ သွားပိုးစားပေါက်တွေ ကို ဖာထေးရပါမယ်။ သွားမျက်နှာပြင်ပေါ်မှာ ကပ် နေတဲ့ ကျောက်တွေကို ဖယ်ရှားရပါမယ်။ အိပ်ရာ မဝင်ခင် သွားတိုက်ရပါမယ်။ ရေကို များများသောက် ရပါမယ်။ ရေများများသောက်တာက ပါးစပ်တွင်း စိုစွတ်မှုကို ဖြစ်စေပါတယ်။
အရက်၊ ဆေးလိပ်နှင့် အာခံတွင်း အနံ့နံစေသော အရာများ
အရက်သောက်တာက ခံတွင်းတစ်သျှူးတွေကို ခြောက်သွေ့စေတာကြောင့် အရက်ကို ရှောင်ရပါ မယ်။ ဆေးလိပ်သောက်တာကလည်း ခံတွင်းကို နံစေတာကြောင့် ဆေးလိပ် မသောက်သင့်ပါဘူး။
အစားအစာတချို့ (ဥပမာ-ကြက် သွန်ဖြူ) စားရင် ပါးစပ်နံစေနိုင်ပါတယ်။ လူအများကြား သွားလာ ပြောဆိုရတော့မယ်ဆိုရင် ခံတွင်းနံ့မနံအောင် ဒီလို အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ သွား တိုက်တဲ့အခါတိုင်း လျှာမျက်နှာပြင်ကို ခြစ်ထုတ် သန့်စင်ပေးရပါမယ်။
နှစ်ရှည်လများ ဆေးလိပ်သောက်ခဲ့လျှင်
နှစ်ရှည်၊ လရှည် စီးကရက်သောက်ပြီး ဖြတ် လိုက်ရင်တော့ အာခံတွင်းထဲမှာ အထိုက်အလျောက် အနံ့တွေ စွဲကျန်နေနိုင်ပါတယ်။ ဒီအနံ့တွေ စွဲကျန် နေနိုင်တဲ့ စားကြွင်း စားကျန်တွေ၊ ကျောက်တွေကို ဖယ်ရှားသန့်စင်ရပါမယ်။ ပါးစပ်ထဲက သွားတွေ လုံးဝသန့်စင်သွားတဲ့အခါမှာတော့ အာခံတွင်းနံ့က ပြန်လည် သင်းပျံ့ လာပါလိမ့်မယ်။
ကျောက်တွေကို ဖယ်ရှားတဲ့နည်းကတော့ လက်နဲ့ ဖယ်ရှားတဲ့နည်းနဲ့ စက်နဲ့ ဖယ်ရှားတဲ့နည်းဆိုပြီး နှစ်နည်းရှိပါတယ်။ စက်နဲ့ ဖက်ရှားတဲ့နည်းကတော့ တုန်ခါစေတဲ့ ပစ္စည်း နဲ့ သွားမျက်နှာပြင်က ကျောက်တွေကို ဖယ်ရှား သန့်စင်တာပဲ ဖြစ်ပါတယ်။
ဒေါက်တာမိုလာ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..