လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, November 3, 2012

အင်္ဂါဂြိုဟ်လေထု အာကာသယာဉ်ဝင်ရောက်စူးစမ်း


မားစ်ဂြိုလ်(အင်္ဂါဂြိုဟ်) ကို (၂)နှစ်ကြာ
 လေ့လာနေခဲ့တဲ့ နာဆာအာကာသ
ယာဉ် အဖွဲ့ကဂြိုလ်တစ်ခုအနေနဲ့ ဂြိုလ်
တစ်ဝိုက်မှာရှိနေတဲ့ လေထုလွှာ

အကြောင်းပိုသိရဖို့ အခြေအနေတွေကိုတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

 မားစ်ဂြိုလ် (ခေါ်) အင်္ဂါဂြိုဟ်ထဲမှာ တစ်ချိန်တုန်းက သက်ရှိတွေ နေထိုင်နေခဲ့တယ် ဆိုတဲ့ အထောက်အထားတွေ တွေ့ရကောင်း တွေ့ရနိုင်တယ်လို့ ယူဆပြီး လေ့လာမှု လုပ်နေတဲ့ အာကာသယာဉ်Curiosityအနေနဲ့ နောက်ဆုံး ရပ်နားပြီး တွေ့ရှိလိုက်တာက မားစ် ရဲ့ လေထုဟာ ကမ္ဘာ့လေထုထက် အဆတစ်ရာ ပါးနေတယ်လို့ ဆိုလိုက်ပါတယ်။

 စင်တာမှာ သုံးသပ်မှုပြုလုပ်ခဲ့တဲ့ ဒီလေ့လာမှုဟာ မားစ်ပါတ်ဝန်းကျင်လေထုရဲ့ အပုံတစ်ပုံဟာ နှစ်ပေါင်းသန်းထောင်ချီ ကာလအတွင်း ဆုံးရှုံးပျက်စီးသွားခဲ့ရတာဖြစ်တယ်။

ကာဗွန်ဒိုင်အောက်ဆိုက်ရဲ့ လေးလံတဲ့ isotope တွေ စုစည်းလာမှုကို အားပေးတဲ့ ရူပဖြစ်စဉ်တစ်ခုအတွင်းမှာ အခုလို ဆုံးရှုံးပျက်စီးသွားခဲ့ရတာဖြစ်တယ်လို့ သုံးသပ်လိုက်ပါတယ်။

ဒီဖြစ်စဉ်အတွင်း ပိုပေါ့ပါးတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဖွဲ့စည်းမှုတွေ ဆုံးရှုံးသွားတာကြောင့်၊ အင်္ဂါဂြိုဟ် နဲ့ အာကာသ ရဲ့ တစ်ဖြေးဖြေး သူ့ဖာသာသူပြောင်းလဲလာမှုအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိခဲ့တယ်လို့  အမေရိကန် နာဆာ NASA အာကာသ ပညာရှင် သိပ္ပံပညာရှင်တွေက ဆိုလိုက်ပါတယ်။

 VOA (မြန်မာပိုင်း)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..