လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, November 5, 2012

လျှပ်စစ်စွမ်းအင်၊ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုမှာ ဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ မြန်မြန်ဆန်ဆန် ပြေးနိုင်မယ့် ကား

ASTRUM concept ကား

၂၀၁၀ခုနှစ်က အမေရိကန် ဒီဇိုင်းပညာရှင် John Stephe Baltazar ဦးဆောင်ဖန်တီးပြီးတော့ Concept ကားတစ်စီးကို ဖန်တီးခဲ့ပါတယ်။

ယင်းကားကို မကြာမီနှစ်အတွင်းမှာ ထုတ်လုပ်နိုင်မယ်လို့ ယူဆထားတဲ့ ကား ဖြစ်ပါတယ်။ John Stephe Baltazar ဟာ ကားဒီဇိုင်နာတစ်ဦးတင်မကပဲ ရုပ်ရှင်ဒါရိုက်တာ တစ်ဦးလည်း ဖြစ်ပါတယ်။


သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှု ရှိမယ့်ကားပုံစံကို ယခုလို ဖန်တီးထားပါတယ်။ လေးယောက်စီး တံခါး နှစ်ပေါက်ကားဖြစ်ပြီး အမိုးကို မှန်နဲ့ ပြုလုပ်ထားပါတယ်။ ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ထုတ်လွင့်မှုကို တိုင်းတာပေးမယ့် စနစ်လည်းပါဝင်ပါသေးတယ်။ လျှပ်စစ်စွမ်းအင်၊ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုမှာ ဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ မြန်မြန်ဆန် ဆန် ပြေးနိုင်မယ့် ကား ဖြစ်ပါတယ်။

ဒီဇိုင်းအားဖြင့် သေသေသပ်သပ်ရှိတဲ့ ASTRUM concept ကို ယခုလိုမြင် တွေ့ရမှာ ဖြစ်ပါတယ်။

 techspacejournal မှ.....

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..