မန်ယူအသင်း ပရီးမီးယားလိဂ်ဖလား နောက်တစ်ကြိမ် ထပ်မံရရှိရေးအတွက် ကြိုးပမ်းရာတွင် ရော်ဘင်ဗန်ပါစီသည် အဓိကကျသည့် ခြေစွမ်းထက် ဘောလုံး သူရဲကောင်းအဖြစ် ပါဝင်မည်ဟု ဗန်န
စ္စတယ်ရွိုင်းက
ပြောကြား ထားသည်။ ဗန်ပါစီသည် အာဆင်နယ်အသင်းမှ ပြောင်းရွှေ့ကြေးပေါင် ၂၄
သန်းဖြင့် ပြီးခဲ့သော နွေရာသီက မန်ယူအသင်းသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး
မန်ယူအသင်း၏ ပွဲစဉ်(၁၇)ပွဲတွင် ၁၁ ဂိုး ရရှိအောင် စွမ်းဆောင်ပေးထား
သူဖြစ်သည်။
ထို့အပြင် ၎င်းသည် မန်ယူအသင်းအား လက်ရှိ အမှတ်ပေး ဇယားထိပ်သို့ ရောက်ရှိရေးအတွက် အဓိကစွမ်း ဆောင်ပေးခဲ့သူ လည်းဖြစ်သည်။ မန်ယူအသင်းတွင် နစ္စတယ်ရွိုင်းရှိစဉ်က စွမ်းဆောင်ပေးခဲ့သလို ဗန်ပါစီမှ စွမ်း ဆောင်ပေးနိုင်ရေးအတွက် နစ္စတယ်ရွိုင်းက ဆန္ဒရှိလျက်ရှိသည်။
နစ္စတယ်ရွိုင်းသည် မန်ယူအသင်းတွင် ကစားခဲ့သော ကာလများအတွင်း FA ဖလား၊ ပရီးမီးယားလိဂ် ဖလားများ ကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး မန်ယူအသင်းအတွက် ၎င်းပါဝင်ကစား ခဲ့သောပွဲစဉ် ၂၁၉ ပွဲတွင် ဂိုးပေါင်း ၁၅၁ ဂိုး သွင်းယူပေးခဲ့သည်။ ရော်ဘင်ဗန်ပါစီ အနေဖြင့် နစ္စတယ်ရွိုင်း ရရှိခဲ့သော စံချိန်မျိုးကို ချိုးဖြတ်ကာ အိုးထရက်ဖို့ဒ်သို့ အောင်မြင်မှုများဆောင်ကြဉ်းပေးရန် နစ္စတယ်ရွိုင်းကဆန္ဒရှိနေသည်။
ဗန်ပါစီသည် ပရီးမီးယားလိဂ်တွင် သူမတူအောင် စွမ်းဆောင်နိုင်သူဖြစ် ကြောင်း ယခုလက်ရှိအချိန်တွင် သက် သေပြလျက်ရှိပြီး အကယ်၍ ဗန်ပါစီသည် ရာသီပြီးဆုံးသည့်အချိန်ထိ လက်ရှိခြေစွမ်းကို ဆက်လက် ထိန်းသိမ်းထား နိုင်ပါက မန်ယူအသင်း အနေဖြင့် ပရီးမီးယားလိဂ်အပြင် အခြားသော ဖလား များကိုပါ ရရှိနိုင်သည်ဟု နစ္စတယ်ရွိုင်း ကပြောကြားထားကြောင်း သိရသည်။

No comments:
Post a Comment