မျိုးရိုး ဗီဇကြောင့် ဖြစ်ပေါ်သည့် မွေးရာပါ ခြေထောက် ရောင်ရမ်းမှု ခံစားနေရသည့် ရှောင်မန်း အမည်ရှိ အသက် ၁၄ နှစ်အရွယ် တရုတ် အမျိုးသားငယ်လေး တစ်ဦးအား ယခုအခါတွင် ရ
ှန်ဟိုင်း မြို့ရှိ
ကလေး ဆေးရုံမှ ဆရာဝန်များက အခမဲ့ခွဲစိတ် ကုသ ပေးတော့မည် ဖြစ်ကြောင်း
၎င်းဆေးရုံမှ ဆရာဝန်များက အခိုင်အမာ ပြောကြားခဲ့သည်။
ရှောင်မန်း၏ ခြေထောက်သည် အသက်အရွယ် ကြီးပြင်းလာသည် နှင့်အမျှ အဆမတန် ကြီးထွား လာလျက် ရှိသော်လည်း ခြေထောက်ကို ခွဲစိတ် ကုသမှု ခံယူရန်အတွက် ၎င်းမိသားစု အနေဖြင့် ငွေ ကြေး မတတ် နိုင်ခဲ့ပေ။ ထို့ကြောင့် ကျောင်းမှ ဆရာ၊ ဆရာမများနှင့် တရုတ် သတင်း ဌာနများ၏ ကူညီ ထောက်ပံ့မှုဖြင့် ရှန်ဟိုင်းမြို့ရှိ ကလေး ဆေးရုံသို့ တက်ရောက်ခွင့် ရရှိခဲ့ပြီး ဆရာဝန်များက အခမဲ့ ကုသပေးမည် ဖြစ်သည်ဟု သိရသည်။ ထို့အပြင် စေတနာရှင် အချို့ကလည်း ရှောင်မန်း အတွက် ဆေးဖိုးစရိတ် အဖြစ် စတာလင်ပေါင် ထောင်ပေါင်းများစွာ ထည့်ဝင် လှူဒါန်းကြကြောင်း သိရသည်။
ဆရာဝန် များသည် ပထမ အဆင့်အနေဖြင့် ၎င်း၏ ခြေထောက်မှ အသား ပိုများကို ဖြတ်ထုတ်မည် ဖြစ်ပြီး ခြေထောက်အား အသား ကျစေရန် ခြောက်လခန့် စောင့်ကြည့် သွားမည်ဖြစ်သည်။ နောက် တစ်ဆင့် အနေဖြင့် ထိုဖြတ်ထုတ် ထားသော ခြေထောက်ကို မည်သို့ အသုံးပြု ရမည်ကို ၎င်းအား ဆရာဝန် များက သင်ကြားပေးမည် ဖြစ်သည်ဟု သိရသည်။
myawady.

No comments:
Post a Comment