ပထမပိုင်း ၃၆မိနစ်က ဂိုးပေးလိုက် ရသော မြန်မာအသင်းသည် ဒုတိယပိုင်း ၅၇မိနစ်တွင် တိုက်စစ် မှုးကြည် လင်း၏ ပင်နယ်တီမှ တဆင့် ချေပဂိုးဖြင့်သရေကျခဲ့သည်။ ပထမပိုင်းကခြေစွမ်းမပြနိုင်သလောက် ဒုတိယပိုင်းကို တိုက်စစ်ဖွင့်ပြီး အစွမ်းကုန်ခြေစွမ်းပြကစားနိုင်သဖြင့် ချေပဂိုးရခဲ့သည်။ '' ဗီယက်နမ်နှင့် ပွဲကို ကျေနပ်မှုရှိတယ်။ ကျွန်တော်တို့အနေနဲ့ မလုံလောက်တာတွေ အခက် အခဲတွေ ရှိပေမယ့် ကစား သမားတွေ က အများကြီး ကြိုးစားလို့ ကျေနပ် အားရပါတယ်။ ဒုတိယပိုင်းမှာ မြန်မာအသင်းရဲ့ခြေထဲမှာ ဘောလုံးကရှိပေမယ့် အခွင့်အရေးကို အသုံးချတာနည်းခဲ့လို့ အနိုင်မရခဲ့တာပါ။'' လို့ မြန်မာ အသင်းနည်းပြ ပက်ဆောင်ဟွာက သုံးသပ်ပြခဲ့သည်။ ဗီယက်နမ်နှင့်ပွဲတွင် ၁မှတ်သာရခဲ့သောကြောင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ရန် မျော်လင့်ချက်ရှိသေးသော်လည်း နိုဝင်ဘာ၂၇ရက်နေ့တွင် အိမ်ရှင် ထိုင်းအသင်းနှင့် ကစားရမည့်ပွဲမှာ အနိုင်ရရန်ပိုမိုလိုအပ်ခဲ့ပြီဖြစ်သည်။ '' ထိုင်းအသင်းနဲ့ပြိုင်ရမယ့်ပွဲဟာ အဆုံးအဖြတ်ပဲ ရှုံးရင်ဆီမီးတက်ဖို့ အလှမ်းဝေးနိုင် တယ်နိုင်အောင် ကစားမယ်။ ထိုင်းအသင်းနဲ့ယှဉ်ရင် အသင်း လိုက်ကော တစ်ယောက်ခြင်းပါ ကွာခြားပါတယ်။ ကျွန်တော်တို့ က လေ့ ကျင့်ချိန် နည်းတယ်'' ဟုပက်ဆောင်ဟွာကပြောကြားသည်။
မြန်မာပရိတ်သတ်များ၏ စိတ်ဝင်စားမှုအများဆုံး မြန်မာလက်ရွေးစင် အသင်း ကို နည်းပြ ပက်ဆောင်ဟွာက '' ကျွန်တော် ကစားသမားတွေကို အရင် ကတည်းက ပြောခဲ့ဖူးတယ် မြန်မာတွေက ဘောလုံးမှာ အစဉ်အလာရှိတယ် ရာဇ၀င်ကောင်းတယ် အားလုံးကလည်း နှစ်သက်ကြတယ်။ ဒီမျှော်လင့် ချက်တွေကို ပျောက်ပျက်မသွားအောင် အကောင်းဆုံး ကြိုးစားပြီးအောင်မြင် မှုရအောင် ကြိုးစားသွားကြဖို့ ဒီပွဲက တိုင်းပြည်အတွက် အရေးကြီးလို့ ဇွဲရှိရှိနဲ့ကြိုးစားကြဖို့ ပြောထားတယ်။'' ဟု အသင်းနှင့်အတူ နိုဝင်ဘာ ၂၅ လေ့ကျင့်ရေးဆင်း အပြီးမှာ ပြောကြားခဲ့သည်။
သတင်း၊ဓါတ်ပုံ - အောင်ကျော်လတ်

No comments:
Post a Comment