လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, November 14, 2012

ကန်ချနဘူရီမှာ မြန်မာပြည်သား ၆၁ ဦး အဖမ်းခံရ

Pic_305874

~(ဓာတ်ပုံများ  - www.thairath.co.th)

ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့နယ်မှာ တရားမ၀င် ရောက်ရှိနေတဲ့ မြန်မာပြည်သား  ၆၁ ယောက် မနေ့က  အဖမ်းခံရပါတယ် တဲ့။သူတို့ ဘန်ကောက်မြို့မှာ အလုပ်သွားလုပ်ဖို့ နေအိမ်တခုမှာ ခေတ္တ ရောက်ရှိစဉ် အဖမ်းခံရတာပါ တဲ့။ ထိုင်းအာဏာပိုင်တို့ကတော့ အိမ်ရှင်ဟာ လူကုန်ကူးသူလို့ ယူဆနေပါတယ်။အိမ်ရှင် ဖြစ်တဲ့ အသက် ၂၁ အရွယ် အိမ်ရှင် ထိုင်းနိုင်ငံသားကိုလည်း  တရားမ၀င် အလုပ်သမားများ လက်ခံထားမှုနဲ့ အရေးယူထားတယ်လို့ ဆိုတယ်။

မြန်မာပြည်သားတွေကိုတော့ အဲဒီမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားပြီး မကြာခင်  မြန်မာနိုင်ငံဘက်ကို ပြန်ပို့မယ်လို့ ဆိုပါတယ်။



အဲဒါကတော့ www.thairath.co.th မှာ ထိုင်းဘာသာနဲ့ ရေးထားတဲ့ သတင်း ကောက်နုတ်ချက်ပါ။

မြန်မာပြည် အနယ်နယ်အရပ်ရပ်က အလုပ်အကိုင် ရှာဖွေသူတွေဟာ ထိုင်းနိုင်ငံတွင်း ၀င်ရောက် အလုပ်လုပ်ကိုင်ဖို့ နယ်စပ်ဒေသကို နေ့စဉ်နဲ့အမျှ ရောက်ရှိနေပါတယ်။

ထိုင်းကို တခါမှ မရောက်ဖူးသူတွေ ပါသလို ရောက်ဖူး၊ သွားလာ နေထိုင်လုပ်ကိုင်ဖူးသူလည်း ပါပါတယ်။

လူသယ်ယူပို့ဆောင်သူ၊ ပွဲစား၊ လူကုန်ကူးသမား စတဲ့ စတဲ့ အဆက်အသွယ်အမျိုးမျိုးကို ချိတ်ဆက်ပြီး ထိုင်းနိုင်ငံထဲက ကိုယ်သွားလိုတဲ့ နေရာကို သွားကြတာပါ။

ထိုင်း၊ မြန်မာ နှစ်နိုင်ငံဟာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့အတွက် ရှမ်း၊ ကယား၊ ကရင်၊ မွန်၊ တနင်္သာရီ စတဲ့ ပြည်နယ်/တိုင်းဒေသကြီး ၅ ခုကနေ နယ်စပ်ဖြတ်ကျော် သွားရောက်တဲ့လမ်းကြောင်း အများအပြား ရှိပါတယ်။


အထက်ဖော်ပြပါ ၆၁ ဦး ထိုင်းနိုင်ငံအတွင်း ၀င်ရောက်သွားတဲ့ လမ်းကြောင်းကတော့ ဘုရားသုံးဆူလမ်း ဖြစ်ဖွယ် ရှိပါတယ်။

ထိုင်းမှာ မြန်မာပြည်သား သိန်းသန်းချီ နေထိုင် လုပ်ကိုင်နေပေမယ့် တရားဝင် စာရွက်စာတမ်း အထောက်အထား ကိုင်ဆောင်မထားနိုင်သူ အများအပြား ရှိပါတယ်။ 



အလုပ်သမားလက်မှတ် လျှောက်ထား ရယူလိုတဲ့ အလုပ်သမားဟာ အလုပ်ရှင်ရဲ့ အကူအညီနဲ့ လျှောက်ထားနိုင်ပါတယ်။ဧရာဝတီ မှ ကနောင်သားလေး

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..