လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, November 20, 2012

အဲဗက်စ် - ဂွာဒီယိုလာ ထွက်ခွာသွားမှုမှာ ကစား သမားတွေ တာဝန်ရှိ ပါတယ်

နည်းပြဟောင်း ဂွာဒီယိုလာ အသင်းမှ ထွက်ခွာ သွားခြင်း အတွက် အသင်း၏ ကစားသမားများတွင် တာဝန်ရှိသည်ဟု နောက်ခံလူ အဲဗက်စ်မှ ထုတ်ဖော် ပြောဆိုခဲ့သည်။ ဘာစီလိုနာ အသင်းတွင် (၄)နှစ်တာ ဖြတ်သန်းခဲ့သည့် ဂွာဒီယိုလာသည် အသင်း၏ နည်းပြများထဲတွင် အောင်မြင်မှု အများဆုံး ရယူနိုင်ခဲ့သည့် နည်းပြအဖြစ် လျှင်မြန်စွာ စံချိန်တင်နိုင်ခဲ့သူ ဖြစ်သည်။

“ပတ်ပ်က ကျွန်တော်တို့ကို ပြောခဲ့ပါတယ် ကျွန်တော်တို့ သူ့အပေါ် စိတ်မ၀င်စားတော့တဲ့ အချိန်မှ ကလပ်ကနေထွက်သွားမယ်လို့။ ကျွန်တော်တို့ သူလုပ်စေချင်တဲ့ အတိုင်း ကွင်းထဲမှာ မလုပ်ခဲ့ပါဘူး။ ဒါကြောင့် သူထွက်သွားမှု အပေါ်မှာ ကျွန်တော်တို့တွေ တာဝန်ရှိတယ်လို့ ခံစားရပါတယ်”ဟု အဲဗက်စ်မှ အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။ အဲဗက်စ်မှ ဆက်လက်၍ မက်ဆီ နှင့် ထိပ်တန်းကြယ်ပွင့် ကစားသမား အဖြစ် သတ်မှတ်ထားကြသော နေမားတို့၏ကြား ခြားနားချက်များကို သုံးသပ် ပြောဆိုပြခဲ့သည်။

zayzaiမှ ကနောင်သားလေး

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..