မြန်မာနိုင်ငံ၌ ကျင်းပမည့် အပြည်ပြည်
ဆိုင်ရာ မာရသွန် ပြိုင်ပွဲကို ၂၀၁၃ ခုနှစ် ၊ ဇန်န၀ါရီ ၂၇ ရက်တွင် ရန်ကုန်မြို့တော်
စည်ပင်သာယာ ရေးကော်မတီ ၊ FMI Holding ကုမ္ပဏီနှင့် YOMA Strategic ကုမ္ပဏီတို့ ပူးပေါင်း
ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
မာရသွန် ပြိုင်ပွဲတွင် ၄၂ ကီလိုမီတာ
မီနီ မာရသွန် နှင့် ၁၀ ကီလိုမီတာ ၊ ၃ ကီလိုမီတာ တာတို ပြေးပွဲများ ပါဝင်မည် ဖြစ်သည်။ ၄၂ ကီလိုမီတာ မီနီမာရသွန် ပြိုင်ပွဲတွင်
ပထမရသူသည် အမေရိကန် ဒေါ်လာ ၂၅၀၀ ရရှိမည် ဖြစ်ပြီး ၊ ၁၀ ကီလိုမီတာ ပထမဆု အတွက် အမေရိကန်
ဒေါ်လာ ၈၀၀ သတ်မှတ်ထားသည်။ ပြိုင်ပွဲများ အတွက် ဆုချီးမြှင့်မှုကို ပထမဆု မှ ပဉ္စမဆု အထိ
ချီးမြှင့်မည် ဖြစ်ပြီး အမျိုးသား ၊ အမျိုးသမီး သီးသန့်ခွဲ၍ ချီးမြှင့်သွားမည် ဖြစ်သည်။
ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်လိုသူ
များအနေဖြင့် မြန်မာ နိုင်ငံသားများ အတွက် ကျပ် ၅၀၀၀ ၀င်ကြေး သွင်းရမည် ဖြစ်ပြီး ၊
နိုင်ငံခြားသား များအတွက် ၄၂ ဒေါ်လာ နှင့် ၂၂ ဒေါ်လာ သတ်မှတ် ထားကြောင်း သိရသည်။
မာရသွန် ပြိုင်ပွဲကို ပြည်သူ့ရင်ပြင်မှ
စတင်တာလွှတ်ပြီး ပြည်လမ်း ၊ ဓမ္မစေတီလမ်း ၊ အင်လျားလမ်း ၊ ပါရမီလမ်း ၊ သမိုင်းလမ်းဆုံ
၊ ဘုရင့်နောင်လမ်းဆုံ ၊ ပန်းလှိုင် ဂေါက်ကွင်း ၊ ကမ္ဘာအေး ဘုရားလမ်း ၊ တက္ကသိုလ် ရိပ်သာလမ်း
အတိုင်း ပြိုင်ပွဲဝင်ရန် သတ်မှတ်ထားသည်။ အပြည်ပြည် ဆိုင်ရာ မာရသွန် ပြိုင်ပွဲမှ ရရှိသော
ဝင်ကြေးများကို မြန်မာနိုင်ငံရှိ ပရဟိတ လုပ်ငန်းများ နှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်း
များသို့ လှူဒါန်း သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:
Post a Comment