လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, October 25, 2012

မြန်မာကျပ် သိန်း ၂၀၀ တန် ကမ္ဘာ့အကြီးဆုံး HD TV


HD တီဗီတောင် မဟုတ်ပါဘူး။ သာမန် HD တီဗီထက် ၄ ဆ ပိုမို ကြည်လင် ပြတ်သားတဲ့ Ultra HD TV ဖြစ်ပါတယ်။
Ultra HD နည်းပညာကို ၂၀၀၇ ခုနှစ်က စတင်မိတ်ဆက်ခဲ့ပေမယ့် ပရိုဂျက်တာ၊ ကွန်ပျူတာ မော်နီတာတွေပဲ ထုတ်လုပ်ခဲ့ကြပါတယ်။ တီဗီမှာတော့ တောင်ကိုရီးယား LG ကုမ္မဏီက ၈၄ လက်မနဲ့ ကမ္ဘာ့အကြီးဆုံး စံချိန်တင်လိုက်ခြင်း ဖြစ်ပါတယ်။ ဈေးကလည်း အမေရိကန်ဒေါ်လာ ၂ သောင်း ဖြစ်ပါတယ်။ ဒီတော့ မြန်မာငွေနဲ့ တွက်လိုက်ရင် သိန်း ၁၈၀ ဝန်းကျင် ဖြစ်ပါတယ်။ သိန်း ၂၀၀ ထိတော့ မကုန်ကျနိုင်ပါဘူး။

 မြန်မာပြည် မှာ LG ကုန်ပစ္စည်း တိုက်ရိုက်မှာယူပေးတဲ့ Distributer များစွာ ရှိပါတယ်။ တကယ် မှာယူလို့ရပါပြီ။ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ထွက်ရှိခဲ့ ခြင်း ဖြစ်ပါတယ်။ တီဗီ တစ်လုံး အတွက် သိန်း ၂၀၀ ရင်းနိုင်မယ်ဆိုရင် ၈၄ လက်မက မက်လောက်စရာပဲ ဖြစ်ပါတယ်။ ကင်မရာ resolution နဲ့ပြောရရင် ၈.၃ megapixel လို့ဆိုပါတယ်။ active ဖြစ်တဲ့ Pixel ပေါင်း သန်းနဲ့ချီ အလုပ်လုပ်ပြီး 3D ရုပ်ရှင်လည်း ကြည့်ရှု နိုင်မှာ ဖြစ်ပါတယ်။

LG TV-84LM9600 မှာ သာမန် HD တီဗီတွေမှာ ပါတဲ့ နည်းပညာအားလုံး ပါဝင်ပါတယ်။ အမေရိကန် ဒေါ်လာ ၂သောင်း ပေါက်ဈေးရှိတဲ့အတွက် လက်ရှိ ကမ္ဘာ့ ဈေးကွက်မှာတော့ သူဌေးကြိုက် TV  တစ်မျိုး ဖြစ်နေတယ်လို့ သိရပါတယ်။
---
Ref:LG

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..