ဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက်
တိုက်ခိုက်သူတွေကို ဘင်္ဂလာရဲအဖွဲ့က
လိုက်လံ ဖမ်းဆီးနေ တဲ့ နေရာမှာ အခု
အခါ လူပေါင်း ၁၆၆ ဦးကို ဖမ်းဆီး
ထားပြီ ဖြစ်တယ်လို့ ပြည်ထဲရေး
ဝန်ကြီး မစ္စတာ အလောင်ဂျီက ပြောပါတယ်။
ဖမ်းဆီးတဲ့ အထဲမှာ ၉၃ ဦးက ကော့စ်ဘဇားခရိုင်က ဖြစ်ပြီး ၇၃ ဦးက စစ်တကောင်း
က ဖြစ်ပါတယ်။
စစ်တကောင်းမြို့ ပိုတီယာမှာလည်း လူပေါင်း ၂၆ ဦးကို ဖမ်းဆီးပြီး
၆၀၀ ကျော်ကို
တရားစွဲဆိုထား တယ်လို့ ပြောပါတယ်။
အခု မီးရှို့မူဟာ လွန်ခဲ့တဲ့ စနေနေ့က ဒေသအခေါ် ရာမူး( မြန်မာ အခေါ် ပန်းဝါ)မှာ
စတင် ဖြစ်ပွား ခဲ့ပြီး နောက်ပိုင်းမှာတော့ နေရာ ၄ ခုကို ပျံ့နှံ့ ဖြစ်ပွားခဲ့ပါတယ်။
မီးရှို့မူကြောင်း ကျောင်းပေါင်း ၂၂ ကျောင်း ပျက်စီးသွားခဲ့ပြီး အဖိုးတန် ဗုဒ္ဓ
ရွှေဆင်းထုတော်တွေ လုယက်ခံရသလို တန်ဖိုး မဖြတ်နိုင်တဲ့
ပဋိကတ်တော်တွေလည်း မီးထဲပါကုန်တယ်လို့ အသက် ၈၃ နှစ်ရှိပြီး
ဖြစ်တဲ့ ဘင်္ဂလာဒေခ်ျ့က ဒုတိယ အကြီးဆုံး ဆရာတော် Shreemad
Sattyapriya မဟာထေက ပြောပါတယ်။
ရာမူး (ပန်းဝါ)က မီးရှို့ခံရတဲ့ ကျောင်းတွေထဲမှာ တချို့ကျောင်းတွေကတော့
နှစ်ပေါင်း၂၅၀ကနေ ၃၀၀ ထိရှိနေပြီ ဖြစ်ပါတယ်။
ခုတိုက်ခိုက်မူဟာ ကြိုတင် စီစဉ်တာ ဖြစ်တယ်လို့ သတင်းစာတွေမှာ ရေးသားပြီး
ရာမူး မှာ ကျောင်းတွေကို မီးရှို့တိုက်ခိုက်တာဟာ အချိန် (၆) နာရီ ကြာမြင့်ခဲ့
တယ်လို့ ဆိုပါတယ်။
ခုလို တိုက်ခိုက်တာကိုတော့ ဘင်္ဂလာဒေခ်ျ့ လူအဖွဲ့အစည်း အများအပြားက
ကြေညာချက်တွေ ထုတ်ပြီး ကန့်ကွက် ရှုတ်ချခဲ့ကြပါတယ်။
အခုအခါမှာတော့ အခင်းဖြစ်ပွားတဲ့ နေရာတွေမှာ လုံခြုံရေး တွေကို
တင်းကျပ်ထားပါတယ်။
နိရဉ္စရာသတင်းဌာန
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment