လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, October 16, 2012

နေ ၄ စင်းထွန်းလင်းသော ဂြိုဟ်သစ်တစ်လုံး ရှာဖွေတွေ့ရှိ


 
နက္ခတ်ဗေဒ ပညာရှင်များသည် နေ(၄)စင်းနှင့် ထွန်းလင်းနေသော ဂြိုဟ်တစ်လုံးကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဂြိုဟ်၏ ကောင်းကင်ယံတွင် နေ(၄)စင်း ထွန်းလင်းနေလေ့ရှိရာ အဆိုပါတွေ့ရှိမှုမှာ နက္ခတ်ဗေဒ ပညာရပ် သမိုင်းတွင် ပထမဆုံး တွေ့ရှိမှုမျိုး ဖြစ်လာခဲ့သည်။ အဆိုပါ ဂြိုဟ်သည် ကြယ်တစ်စုံကို ဝန်းရံ လှည့်ပတ်နေပြီး အခြားသော ကြယ်တစ်စုံကလည်း ၎င်း၏ အနီးတွင် တည်ရှိနေခြင်းဟု သိရသည်။ ဗြိတိန်နှင့် အမေရိကန်မှ သုတေသီများအပြင် စေတနာ့ဝန်ထမ်း နက္ခတ်ဗေဒ ဝါသနာရှင်များ ပူးပေါင်းလေ့လာမှု၏ ရလဒ်အဖြစ် အဆိုပါ ထူးခြားသော ဂြိုဟ်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။


Keck နက္ခတ်တာရာကြည့် မှန်ပြောင်းမှတစ်ဆင့် ဖော်ထုတ် တွေ့ရှိခဲ့သော အဆိုပါ ဂြိုဟ်၏ အကြောင်းကို သုတေသီများက အတည်ပြု ပြောကြားခဲ့သည်။ PH1ဟု အမည်ပေးထားသော ဂြိုဟ်သည် ကမ္ဘာမြေ

အလင်းနှစ် (၅၀၀၀)အောက် အကွာအဝေးတွင် တည်ရှိသည်။ ၎င်းအမည်ကို မှည့်ခေါ်ခြင်းမှာ ယခုရှာတွေ တွေ့ရှိမှုတွင် ကူညီခဲ့သည့် planethunters.org ဝက်ဘ်ဆိုက်ကို ဂုဏ်ပြုသည့် သဘောလည်း ဖြစ်သည်။ ၎င်းသည် နက်ပကျွန်းဂြိုဟ်ထက် အတန်ငယ် ကြီးမားပြီး ကမ္ဘာမြေထက် (၆)ဆမျှ ပိုမို ကြီးမားမည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။ ဂြိုဟ်၏ လေထုသည် ဓာတ်ငွေ့များနှင့် ပြည့်နှက်နေနိုင်ကြောင်းလည်း သိရှိရသည်။

ယခုလေ့လာမှုတွင် ပါဝင်ခဲ့သည့် ဒေါက်တာ ခရစ် လင်းတော့တ်က "စကြာဝဠာမှာ ဖြစ်ပျက်နေတဲ့ အရာတွေဟာ ကိုယ်နဲ့ အရမ်းကွာလှမ်းနေတာမျိုး မရှိတော့ပါဘူး။ ခုဂြိုဟ်ရဲ့ တည်ရှိပုံက ဆန်းကျယ်လွန်းပါတယ်။ နေ(၄)စင်းလုံးရဲ့ သက်ရောက်မှုက ဂြိုဟ်ပေါ်ကို ကျရောက်နေပြီးတဲ့နောက် ရှုပ်ထွေးလွန်းတဲ့ ပတ်ဝန်းကျင်မျိုးကို ဖန်တီးပြီးသား ဖြစ်သွားတယ်။ ဒါပေမဲ့ ဂြိုဟ်က တည်ငြိမ်တဲ့ လမ်းကြောင်းတစ်ခုပေါ်မှာ လည်ပတ်နေတဲ့ ဟန်ချက် ပျက်မသွားဘူး။ ဒီအခြေအနေကို ကျွန်တော်တို့ အရင်က မျှော်လင့်မထားမိတာ အမှန်ပါပဲ"ဟု ပြောကြားသွားခဲ့သည်။

BBC

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..