လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .
Wednesday, October 3, 2012
ကြက်ဥ ဈေးကျလို့ ထိုင်းမှာ ဆန္ဒပြ
  ကုန်ဈေးနှုန်းတွေ တက်လို့ မြန်မာနိုင်ငံမှာ ဆန္ဒပြဖူးတာပဲ ကြားဖူးတယ်။ ဒါပေမယ့် ကုန်ဈေးနှုန်း ကျလို့ ထိုင်းနိုင်ငံမှာတော့ ဆန္ဒပြကြတယ်။ ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ အနီးတ၀ိုက်က အသေးစား ကြက်မွေးမြူရေး လုပ်ကြတဲ့ လယ်သမား ၁၀၀ လောက်က အစိုးရ ရုံးရှိရာ ဂိတ်ပေါက်သွားပြီး ကြက်ဥဈေးတွေ ရုပ်တရက် ကျသွားလို့ အစိုးရ အိမ်တော် အပေါက်ဝမှာ ကြက်ဥတွေ ပစ်ပေါက်ခွဲပြီး ဆန္ဒပြခဲ့ကြပါတယ်။ 
ဓာတ်ပုံ-manager online
ပုံမှန်က ကြက်ဥ တလုံး( အလုံးလှ၊ အလုံးမှန်) ကို ဘတ်ငွေနဲ့ ၂. ၆၀ (မြန်မာကျပ်ငွေနဲ့ဆို ၆၅ ကျပ်) နဲ့ ရောင်းနေရတာမှာ က တလုံးကို ထိုင်းဘတ်ငွေ ၂ ဘတ် ( ၅၀ ကျပ်) ကျော်ကျော် ၂.၁၀ ဘတ် အထိ ကျသွားတယ်လို့ ဆိုပါတယ်။ ကြက်စာ ဈေးတွေက မကျဘဲ ကြက်ဥဈေးကျတဲ့အတွက် အသေးစား ကြက်မွေးမြူတဲ့ ထိုင်းလယ်သမားတွေ အခုလို ကုန်ဈေးနှုန်း ကျတာကို ဖြေရှင်းဖို့ ဆန္ဒပြပွဲ လုပ်ခဲ့တာပါတဲ့။
No comments:
Post a Comment
1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။
free counters..