
လင်းပိုင်လည်းမဟုတ်သလို၊ ဝေလငါးလည်း မဟုတ်တဲ့ ရေငုပ်သင်္ဘောကို ယခုလို မြင်တွေ့ ရပါတယ်။
တီထွင်သူကတော့ Doc နဲ့ Dusty လို့လူသိများတဲ့ အင်ဂျင်နေယာ နှစ်ယောက် ဖြစ်ပါတယ်။ သာမန်စက်လှေ တစ်စီးကို ရေငုပ် သဘောင်္ ဖြစ်အောင် ပြောင်းလဲခြင်း ဖြစ်ပြီး ၁၉၈၇ ခုနှစ်ကတည်း က ဖြစ်ပါတယ်။ သို့ပေမယ့် ၂၀၀၆ ခုနှစ်နောက်ပိုင်းက နာမည်ကြီးလာတဲ့ တစ်ကိုယ်ရေသုံး ရေငုပ်သင်္ဘော ဖြစ်ပါတယ်။
ဗားရှင်းသုံးမျိုးထုတ်လုပ်ထားပါတယ်။ Searbreacehr X, J, Y ဆိုပြီး သုံးမျိုး ထုတ်လုပ်ထားပြီး တစ်ယောက်စီး၊ နှစ်ယောက်စီး ဆိုပြီး ထုတ်လုပ် ထားပါ တယ်။ အင်ဂျင်ပါဝါ ၁၆၀၀ စီစီ ရှိတဲ့ လေးလုံးပူး ပစ်စတင်ကို အခြေခံ လို့ မြင်းကောင်ရေ ၂၇၀ ထုတ်နိုင်တဲ့ အားပြင်း အင်ဂျင်တွေ ချည်း ဖြစ်ပါ တယ်။ တစ်မျိုးနဲ့တစ်မျိုး အနည်းငယ်ပဲ ကွာခြား ပါတယ်။ ရေအောက်မှာ တစ်နာရီ ၂၅ မိုင်၊ ရေပေါ်မှာ မိုင် ၅၀ မောင်းနှင် နိုင်ပါတယ်။
ရေမဝင်နိုင်အောင် အလုံပိတ်တည်ဆောက်ပြီး အလူမီနီယမ်၊ ကာဘွန် ဖိုက်ဘာတို့လို သံချေးမတက် သတ္တုတို့ကို အသုံးပြု ပါတယ်။ တစ်ယောက် စီး၊ နှစ်ယောက်စီးအလိုက် သက်ကယ်ပစ္စည်းလည်း စုံလင်စွာ ပါရှိပါ တယ်။ ရေအောက်လည်း မောင်းနှင်နိုင်သလို၊ရေပေါ်လည်း သွားနိုင်ပါတယ် ပင်လယ်ကြမ်းပြင်တွေတော့ မဟုတ်ပဲ ကမ်းဆပ် အနက် သိပ်မရှိတဲ့ နေ ရာတွေမှာ မောင်းနှင်နိုင်ပါတယ်။ အဓိကကတော့ သန္တာကျောက်တန်း များ လေ့လာလို့ ရအောင် ဖြစ်ပါတယ်။
လင်းပိုင်တို့လို ရေပေါ် ခုံတက်အလှပြနိုင်စွမ်း ရှိပါတယ်။ ၁၉၈၇ ခုနှစ် စတင် စမ်းသပ်စဉ်ကထက် ၂၀၀၆ မှာ ပိုမို အဆင့်မြင့်သွားပါတယ်။ အမေရိကန် Innespace မရိမ်းအင်ဂျင်နှင့် သင်္ဘောထုတ် ကုမ္မဏီက တာဝန်ယူလို့ အများအပြား ထုတ်လုပ်ပါတယ်။ သို့ပေမယ့် မှာယူသူ ရှိမှ ထုတ်လုပ် တာ ဖြစ်ပါတယ်။ ကုန်ကျစရိတ်ကြီးလို့ ဖြစ်ပါတယ်။ တစ်ကောင်ကို အနည်း ဆုံး အမေရိကန်ဒေါ်လာ ၁ သိန်း ကာလတန်ဖိုး ရှိပါတယ်။
Seabreacher အမည်ရတဲ့ လင်းပိုင်ရေငုပ်သင်္ဘောများကို ယခုလို မြင်တွေ့ ရပါတယ်။
---
အသေးစိတ်ဝင်ရောက် လေ့လာရန်-
http://www.seabreacher.com
Aung Kham (TSJ team)









No comments:
Post a Comment