လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, October 31, 2012

ကိုယ့်အိမ်ကို မီးရှို့သူနှင့် အကြမ်းဖက်သမားများကို လက်ခံမည်မဟုတ်ဟု ဘင်္ဂလာ လက်ရှိအာဏာရပါတီမှဆို


ဘင်္ဂလာဒေ့ခ်ျနိုင်ငံရှိ မိမိနေအိမ်သို့
 ရခိုင်ပြည်မှ ပြန်လည်လာရောက်နေ
ထိုင်မည့် ဘင်္ဂလီများအား လက်ရှိအာ
ဏာရပါတီမှ အထွေထွေအတွင်းရေးမှူး

က ကိုယ့်အိမ်ကို
 မီးရှို့သူနှင့် အကြမ်းဖက်သမားများကို လက်ခံလိမ့်မည်မဟုတ်ကြောင်း ထုတ်ဖေါ်
ပြောဆို လိုက်ပြီး နယ်စပ်တစ်လျှောက် လုံခြုံရေးတပ်ဖွဲ့များကို တင်းကျပ်စွာ ချထား
လျှက်ရှိကြောင်း သိရှိရသည်။

ရခိုင်ပြည်မှ စက်လှေများဖြင့် ထွက်ခွာသွားပြီး ဘင်္ဂလာသို့ ၀င်ရောက်ရန် ကြိုး
ပမ်းနေကြသော ဘင်္ဂလီမူဆလင်များနှင့်ပတ်သက်၍ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသားများအား
 Arakantimes မှမေးမြန်းရာ " ဘင်္ဂလာက အထွေထွေအတွင်းရေးမှူးချုပ် မိုဟာဘု
အာလောင်ဟာနို့ က " ကိုယ့်အိမ်ကို မီရှို့သူတွေနဲ့ အကြမ်းဖက်သူတွေကို ဘင်္ဂလာက
လက်ခံဖို့ လုံးဝနေရာမရှိဘူးလို့ ဆိုပါတယ်၊"

ပြီးတော့ နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီက " ရခိုင်ပြည်-ဘင်္ဂလာတို့မှာ ဗုဒ္ဓဘာသာဝင်
အဆောက်အအုံတွေကို မီးရှို့မှုဟာ အကြမ်းဖက် သမားတွေဘဲဖြစ်တယ်၊"
ကျွန်တော်မြင်တာက " သူတို့က ကိုယ့်အိမ်ကို လာကြတဲ့သူတွေပါ၊ ဒီကလက်
မခံတဲ့ အဓိကအကြောင်းရင်းက ရိုဟင်ဂျာလူမျိုးနဲ့ မြန်မာတိုင်းရင်းသားခံယူနေမှု
အတွက် ဖြစ်ပါတယ်။

"ဟု ဘင်္ဂလီ Mr. Mona ကွန်မြူနစ် ကျောင်းသား လူငယ်တစ်ဦးကလည်း
သူ၏အမြင်ကို ယခုကဲ့သို့ ရှင်းပြသွားခြင်းဖြစ်သည်။

ထို့အပြင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ ကော့စ်ဘဇားခရိုင်အတွင်းတွင် ယခုအပတ်အတွင်း ကျူးကျော်ဝင်ရောက်လာသူများဟုဆိုကာ ဘင်္ဂလီ (၂၀၀)ခန့်အား ဖမ်းဆီးပြီး ရခိုင်ပြည်နယ်စပ်ဖက်သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါ စက်လှေ
များဖြင့် ထွက်ခွာသွား သူများအနက် တစ်ချို့မှာ မောင်တောမြို့နယ်သို့ ဆိုက်ရောက်သွားပြီး ဒေသအာဏာပိုင်များက ယာယီဒုက္ခသည်စခန်းများ
 တည်ဆောက်ပြီး ကူညီပေးနေကြောင်း ဒေသသတင်းများအရ သိရသည်။

ရခိုင်ပြည်တွင် ကျူးကျော်နေထိုင်ခဲ့သော ဘင်္ဂလီအများအပြားမှာ ကော့စ်ဘဇားခရိုင်အတွင်းသို့ ရောက်ရှိလာပြီး ခိုလုံလျှက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

"သူတို့ကို ကြည့်တာနဲ့ ဘယ်ကဆိုတာ သိပါတယ်၊ ပုဆိုးဝတ်တာနဲ့ အသွားအလာကို
 ကြည့်ကတည်းက သိပါတယ်၊ ဒါပေမယ့် သူတို့ ကိုင်ထားတာက ဘင်္ဂလာက နိုင်ငံ
သားကဒ်တွေပါ၊ တစ်ချို့ဆိုရင် မြန်မာနိုင်ငံသားကဒ်နှစ်ခု ပူးတွဲကိုင်ထားကြတယ်
လို့ သိရပါတယ်။"

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် နေထိုင်နေကြသော အလယ်လတ်တန်းမှ အမြင်ဆုံးဘင်္ဂလီများမှာ မြန်မာ-ဘင်္ဂလာ နိုင်ငံသား ကဒ်နှစ်ခုကို အများအပြား
 ကိုင်ဆောင်လျှက်ရှိကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့ရဲဌာနက Rohigar Solidraty Organization
(RSO)မှ ခေါင်းဆောင် အာဟာမတ်ဒ်အား ဖမ်းဆီးပြီး ရခိုင်ပြည်-ဘင်္ဂလာတို့တွင်
 ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းမှုများ ပြု
လုပ်နေကြောင်း ရဲမင်းကြီး ဇော်ဆီမ် အူဒ္ဒိန် က ထုတ်ဖေါ်ပြောဆိုထားသည်။

ရခိုင်ပြည်တွင် အောက်တိုဘာလ(၂၁)ရက်နေ့က ပြန်လည်စတင်ဖြစ်ပွားခဲ့သော
ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းအတွင်း မိမိနေအိမ်များကို မီးရှို့ပြီး စက်လှေ အစီး
(၄၀)ကျော်ဖြင့် ထွက်ခွာလာသူများမှာ ယခုအခါ ဘင်္ဂလာသို့ဝင်ရောက်ရန် ကြိုး
ပမ်းနေ၍ နယ်စပ် တလျှောက် တပ်လှန့်မှုများရှိနေသည့်အတွက် မောင်တောမြို့နယ်
 နစကဘက်မှလည်း နယ်စပ်အတွင်း တပ်လှန့်မှုများ ပြုလုပ်ထားကြောင်း စုံစမ်း
 သိရှိရသည်။

Arakan Times သတင်းဌာန
shwemyanmarmediagroup မှ--------

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..