လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, October 3, 2012

အဆစ်အမြစ်ရောင် ရောဂါ မဖြစ်ဖို့ ချယ်ရီသီး စားသင့်တယ်



 ချယ်ရီသီးစာခြင်းဟာ အဆစ်အမြစ်ရောင်   ရောဂါ ဖြစ်ပွားမှုကို လျော့ပါးစေပါတယ်တဲ့။ ချယ်ရီသီးမှာပါဝင်တဲ့ ဓာတ်က အဆစ်အမြစ်ကိုက်ခဲ   ရောင်ရမ်းမှုကို လျော့ပါးစေတဲ့အကြောင်း အဆစ် အမြစ်ရောင် ရောဂါဝေဒနာရှင်တွေကို လက်တွေ့ စမ်းသပ်မှုမှ တဆင့် တွေ့ရှိခဲ့ရတာပါ။
 လက်တွေ့ စမ်းသပ်မှုကတော့ အဆစ်အမြစ်ရောင် ဝေဒနာရှင်တွေကိုး နှစ်ရက်ကျော်ခန့် ချယ်ရီးသီးကို စားသုံးစေခဲ့ပြီး စစ်ဆေးတွေ့ရှိတာလို့ ရိုက်တာ သတင်းတပုဒ်က ဆိုပါတယ်။ တွေ့ရှိချက်အဆိုအရ ချယ်ရီသီး စားသုံးမှုကြောင့် အဆစ်အမြစ်ရောင် ရောဂါ ဖြစ်ပွားမှုနှုန်းကို ရာခိုင်နှုန်း ၃၀ အထိ လျော့ ကျ သွားသလို ကိုက်ခဲတဲ့ ဝေဒနာလည်း လျော့ကျသွားတယ်လို့ အမေရိကန် ဘောစတွန် တက္ကသိုလ်မှ ကျန်းမာရေး ဆိုင် ရာ ဆေး သုတေသန ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

 ဒီလို အဆစ်အမြစ်ရောင်တဲ့ ရောဂါဆိုတာလည်း အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုအဖြစ်များ ပါတယ်တဲ့။ ချယ်ရီသီးထဲမှာပါတဲ့ ဓာတ်တမျိုးက လူ့ခန္ဒကိုယ် သွေးထဲမှာ ရှိတဲ့ ယူရစ်အက်စစ်ဆိုတာကို ထိန်းညှိပေးတာကြောင့် အခု လို ရောဂါ သက်သာတာ၊ ဖြစ်ပွားမှု လျော့နည်းတာတွေ ဖြစ်တာပါတဲ့။ ဒါကြောင့် လူတဦးအနေနဲ့ နေ့တိုင်း ချယ်ရီသီး ၁၀ လုံးက နေ ၁၂ လုံးလောက်ထိ ပုံမှန်စားသုံးသင့်ပါတယ်လို့ ဆိုထားပါတယ်။ 


No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..