ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့ နယ်
အမှတ်(၂) ရပ်ကွက်၊ ဒေးဗစ်ရွှေနုလမ်း( ခဝဲခြံ
မှတ်တိုင်အနီး)ရှိ အိမ်အမှတ်(၅-ခ)တွင် စက်တင်
ဘာလ ၂၈ ရက်နေ့က အိမ်ဖောက်ထွင်း
မှု ဖြစ်ပွားခဲ့ရာ စိန်၊ ရွှေ လက်ဝတ်ရတနာ ကျပ်သိန်း ၃၀၀၀ ကျော်ဖိုး ခိုးယူခံခဲ့ရကြောင်း
အိမ်ရှင်နှင့် ဆွေမျိုး တော်စပ်သည့် အသက် ၃၅အရွယ်ရှိ အမျိုးသမီး တစဦးက
The Voice Weekly သို့ပြောကြားသည်။
အဆိုပါ ဖေါက်ထွင်းခံရမှုမှာ နံနက် ၉နာရီခွဲ ဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး
ဖေါက်ထွင်းခံရမှုကြောင့်
ကာလတန်ဖိုး ကျပ်သိန်းသုံးထောင်ကျော် တန်ဖိုးရှိ စိန်နှင့်
ရွှေထည်ပစ္စည်းများ ပါသွားကြောင်း ၎င်း၏ ပြောကြားချက် အရသိရသည်။
သို့ရာတွင် စိန်ရွှေ ငွေတို့၏တန်ဖိုး ကို သိန်းသုံးထောင်ကျော်ဆိုသည် အချက်ကို
အရပ်ဘက်နှင့် ရဲဘက် နှစ်ဖက် စလုံး က အတည်ပြုနိုင်ခြင်း မရှိသေးပေ။
"အခုအမှုဖွင့်ထားတဲ့အတွက် ရဲစခန်းက တာဝန်ရှိတဲ့ သူတွေက အမှုနဲ့ပတ်သက်တာ
သတင်းဂျာနယ်တွေကို မပြောထားဖို့ မှာထားပါတယ်ဟု" အသက်၃၅နှစ် အရွယ်
ဆွေမျိုး တော်စပ်သူ အမျိုးသမီးက အဆိုပါ မှုခင်းနှင့်ပတ်သက်၍
ဖြေရှင်းပြောဆိုသည်။
အဆိုပါ မှုခင်းဖြစ်ပွားရာအိမ်သည် နှစ်ထပ်ပျဉ်ကာ နံကပ်တိုက်အိမ် တစ်လုံးဖြစ်ပြီး
မျက်နှာချင်းဆိုင် တွင်တက္ကသိုလ် ၀င်တန်းအဆင့်ဘော်ဒါဆောင်နှင့် စာရေးကရိယာ
ပစ္စည်းအများစုရောင်းချ သည့်စတိုးဆိုင်တစ်ဆိုင်ရှိကာ အမှတ် (၅-က)နှင့်အုပ်တံတိုင်း ကာထားသည်ကိုတွေ့ရသည်။ ဦးရွှေနုလမ်းအတွင်းရှိနေအိမ်များမှာ ကိုယ်ပိုင်ခြံဝင်းဖြင့်
နေသည့် လုံးချင်းအိမ်များသာရှိသည့်အတွက် ဆိပ်ငြိမ်သော ရပ်ကွက်
တစ်ခုဖြစ်သည်။
အဆိုပါအမှုကိစ္စနှင့်ပတ်သက်၍ဘုရင်နောင်ရဲတပ်ဖွဲ့ စခန်းမှ ရဲအုပ်ကျော်ဇောထံ
၀၉၇၃ ၀၀၁၁၇၅ သို့ ဆက်သွယ် မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိသကဲ့သို့ဘုရင်နောင်ရဲစခန်းသို့အောက်တိုဘာ လ၁ရက်နေ့ ညနေ ၅နာရီခန့်က
သုံးကြိမ်တိုင် ဆက်သွယ်မေးမြန်းရာတွင် လည်း ဖုန်းကိုင်ခြင်းမရှိခဲ့ပေ။
The Voice Weekly
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment