လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, October 4, 2012

အာဏာပိုင်လို့ မခေါ်နဲ့ … တာဝန်ခံလို့ ခေါ်

သမ္မတ ဦးသိန်းစိန်မှာ ပြုပြင်ပြောင်းလဲရေးအတွက် လက်စွဲ ရှေ့ထွက်ဝန်ကြီး နှစ်ပါးရှိတယ်။ ဦးအောင်မင်းနဲ့ ဦးစိုးသိန်း ဆိုတာလည်း လူတိုင်းက သိကြပါတယ်။ အမေရိကန် နိုင်ငံခြားခရီးစဉ်မှာလည်း သမ္မတ မလာခင် ဦးအောင်မင်းက ကြိုပြင်၊ ဦးစိုးသိန်းဆို လက်ချာ ပါ ပေးခဲ့တာ တွေ့ကြရမှာပါ။ သူတို့ အမေရိကား မသွားခင် ဧရာဝတီက တွေ့ပြီး စကားစမြည်ပြောခဲ့ရပါ တယ်။ ပြုပြင်ပြောင်းလဲရေး စိတ်ရှိတယ် ဆိုတာ
စကားပြောကြည့်တော့ သိရတယ်။ အဲဒီထဲ ဦးစိုးသိန်း ပြော တာ ကောင်းကောင်းမှတ်မိနေတယ်။ ဘာတဲ့၊ အစိုးရ၀န်ထမ်းများအနေနဲ့ အရင်ပုံစံနဲ့ အလုပ် မဖြစ်နိုင်တော့ ဘူး၊ ပြည်သူများ လေးစားသူများဖြစ်ရန် ပြုပြင်ပြောင်းလဲရန် လိုပြီလို့ သမ္မတ ရုံး ၀န်ကြီး ဦးစိုးသိန်း က ဧရာဝတီမဂ္ဂဇင်းနဲ့ တွေ့ဆုံစဉ်ပြောဆိုပါတယ်။ “အရင်ကတော့ လုပ်ပိုင်ခွင့်ရှိတဲ့ လူ၊ အာဏာပိုင်အဖွဲ့အစည်းလို့ ခေါ်တာပေါ့။ အခုတော့ ဒါဟာ မဖြစ်သင့်ဘူး။ တကယ်တော့ အကျိုးဆောင် သူတွေဖြစ်တယ်။ ဒါကြောင့် တာဝန်ခံလို့ သုံးတာ ပိုသင့်တော်မယ်” ဟုဆိုပါတယ်။ မြန်မာနိုင်ငံဟာ အိမ်နီးချင်း လာအို၊ ကမ္ဘောဒီးယားထက်ပင် နိမ့်ကျနေပြီး ထိုပြဿနာကို ကုစားရန် ဒီမိုကရေစီ လမ်းကိုသာ လျှောက်ရမှာ ဖြစ်တယ်၊ စိတ်နေသဘောထားများပြောင်းရန်လိုပြီး အကျင့်ပျက် ခြစားမှုများ လျော့ချရမယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် အကျင့်ဆိုး တိုက်ဖျက်ရေးက အစိုးရနှစ်ဆက် အနည်းဆုံး ၁၀နှစ်ခန့် ကြာမြင့်လိမ့်မယ်လို့ ထင်ကြောင်းဆိုပါသေးတယ်။ အလားတူ မကြာသေးမီက သမ္မတဦးသိန်းစိန်နဲ့ အတူသွားရောက်ခဲ့တဲ့ အမေရိကန်ခရီးစဉ် အတွင်း မြန်မာ မိသားစုများနှင့် တွေ့ဆုံရာမှာလည်း ယင်း သဘောထားကမျိုး ထုတ်ဖော်ပြောခဲ့ပါသေးတယ်။ အမေရိကားရောက် မြန်မာတွေ ပြန်လာရေး၊ အမြဲတမ်းနေထိုင်ခွင့် (PR) ပေးရေး၊ လက်ရှိတိုင်းပြည် နိမ့်ကျနေမှု၊ ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေကိုလည်း ပွင့်လင်းစွာပြောဆိုခဲ့ပါတယ်။ စစ်အစိုးရ လက်ထက်မှာ ဒီမိုကရေစီစနစ်နဲ့ သွားမယ်ဆိုတာမျိုးကို သွားပြောမိရင် မိမိလည်း ထောင်တန်း ကျသွားနိုင်တဲ့ဆိုတဲ အကြောင်းကို အစိုးရသစ် ၀န်ကြီးတယောက်အနေနဲ့ ပွင့်လင်းစွာပြောဆိုခဲ့ပါ တယ်။ ရေတပ် ဦးစီးချုပ်ဟောင်း ဦးစိုးသိန်းဟာ လတ်တလော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ လာရောက်ခြင်းနှင့် ပတ်သက်ပြီး တာဝန်ယူ ဆောင်ရွက်နေသူဖြစ်ပါတယ်။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..