လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, October 4, 2012

“ရခိုင် အရေးခင်းကြောင့် မီးလောင် ဆုံးရှုံးသူများအတွက် လျော်ကြေးငွေများ ပေးအပ်”

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ၂၀၁၂ ခုနှစ်၊ ဇွန်လတွင် ဖြစ်ပွားခဲ့သည့် အရေး အခင်းကာလ မီးလောင် ဆုံးရှုံးမှုများ အတွက် လျော်ကြေးငွေ များအား မြန်မာ့ အာမခံ လုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက အာမခံ ထားသူများသို့ ပေးအပ်ခဲ့သည်။ ယင်း အရေးခင်းကာလတွင် နေအိမ် အဆောက်အအုံနှင့် ဈေးများ မီးလောင် ဆုံးရှုံးမှုအတွက် လျော်ကြေးငွေပေးအပ်ပွဲ
အခမ်းအနားကို အောက်တိုဘာ ၃ ရက် နေ့လည် ၁ နာရီတွင် မြန်မာ့ အာမခံလုပ်ငန်း (ရုးံချုပ်) စတုတ္ထထပ် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လျော်ကြေးပေးအပ်ပွဲသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ယခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မသမာရှို့မီးကြောင့် ကူးစက်လောင် ကျွမ်းပြီး ဆုံးရှုံးမှု ဖြစ်ပွားခဲ့သည့် ဈေးနှင့် အဆောက် အဦး များမှ အာမခံ ထားရှိသော စက်ရုံစုဈေး၏ ဆိုင်ခန်းများ အပါအ၀င် မြ၀တီဘဏ်၊ ကမ္ဘောဇ ဘဏ်၊ မြန်မာ့ စီးပွားရေး ဘဏ်များမှ ချေးငွေ ရယူထားသော နေအိမ်များ အတွက် စုစုပေါင်းကျပ် (၅၇၉.၁၀) သိန်းဖြစ်ကြောင်း သိရသည်။ ကျန်လျော်ကြေးငွေမှာ ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်တွင် ဇူလိုင်လ ၂၀ ရက်နေ့၌ တိုတ်ခတ်ခဲ့သော လေဆင်နှာမောင်းကြောင့် ပျက်စီးခဲ့သည့် မေခအင်ဒတ်စထရီ(စ်) လီမိတက်၏ ကုန်ပစ္စည်းလျော်ကြေး ကျပ်(၃၄.၆၅၅၇၉၃၆) သိန်းကို ပေးအပ်ခဲ့ကာ စုစုပေါင်းလျော်ကြေးငွေကျပ် (၆၁၃.၇၅၅၇၉၃၆) သိန်းဖြစ်ကြောင်းသိရသည်။

 မိုးငယ် Popular News

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..