
အနီးစပ်ဆုံး နောက်ထပ် ၇ နှစ်၊ ၈နှစ်အတွင်းမှာ ပေါ်လာမယ့် မျက်ကပ်မှန် ဖြစ်ပြီး ဒီဇိုင်နာ တစ်ဦးက ဖန်တီးထားတာ ဖြစ်ပါတယ်။ Canon နဲ့ Google မှ ထုတ်လုပ်မယ်လို့ လည်း ဆိုပါတယ်။ ယခု Google ကဖြန့်ချိမယ့် ဂူးဂဲလ်မျက်မှန်ထက် ပိုမိုအဆင့်မြင့် မယ့် အနေအထားမှာ ရှိပါတယ်။ ပါရှိမယ့် နည်းပညာ အကြမ်းဖျင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
► အလင်းရောင် နည်းသောအချိန်နှင့် ညအမှောင်တွင် မြင်နိုင်ခြင်း
► မျက်နှာကို မှတ်သားပေးထားပြီး ယင်းမျက်နှာနှင့် ပက်သက်သည့် Information များကို ရှာဖွေ ထုတ်ဖော်ပေးခြင်း
► မျက်လုံးတွင်းရှိသော အပူချိန်ဖြင့် ရိုက်ကူးနိုင်သော ကင်မရာ
► ကွန်ပျူတာသို့ ကြိုးမဲ့ ချိတ်ဆက်နိုင်မှု
► လက်တွေ့သဘာဝအတိုင်း တွေ့မြင်နိုင်ခြင်း
► GPS လမ်းညွန် အသုံးပြုနိုင်မှု
► ဖုန်းနှင့် ချိတ်ဆက်အသုံးပြုနိုင်မှု
► ရာသီဥတု ခန့်မှန်း
► အင်တာနက် ချိတ်ဆက်အသုံးပြုခြင်း
► မှန်ဘီလူးပါရှိပြီး သာမန်လူမြင်နိုင်သည်ထက် အဆပေါင်းများစွာ အနုစိတ်မြင်နိုင်ခြင်း၊ ပိုဝေးဝေး မြင်နိုင်ခြင်း
အကယ်၍သာ ယခုလို မျက်ကပ်မှန် ပေါ်လာမယ်ဆိုရင်တော့ မျက်မှန်တပ်တဲ့ ဖက်ရှင်နဲ့အတူ မျက်ကပ်မှန်တပ်တဲ့ ဖက်ရှင်ကလည်း ရေပန်းစားလာအုံးမှာ ဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။
---
Ref:mazefacts
Aung Kham (TSJ team)
No comments:
Post a Comment