လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, October 3, 2012

ကြိမ်အချောထည်လုပ်ငန်း ကုန်ကြမ်းရှားပါးမှုနှင့် ကြုံတွေ့လာရ

 မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တစ်ခုဖြစ်သော ကြိမ်အချောထည်များမှာ ကုန် ကြမ်းဖြစ်သော ဒေသထွက်ကြိမ်များ တရုတ်နိုင်ငံသို့ တင်ပို့မှုမြင့်မားလာ ခြင်းကြောင့် ကုန်ကြမ်းပြတ်လပ်ကာ ဈေးနှုန်းမြင့်မားမှုနှင့် ကြုံတွေ့လာ ရခြင်းကြောင့် ကြိမ်အချောထည်လုပ်ငန်းမှာ ရပ်တန့်လုနီးပါးအခြေအနေ နှင့် ရင်ဆိုင်နေရပြီး နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါ အခြေအနေကို ထိန်းသိမ်းပေးရန် လိုအပ်ကြောင်း ကြိမ်အချောထည်ထုတ်လုပ် ရောင်းချ သူများက ပြောသည်။ မြန်မာနိုင်ငံတွင် ကြိမ်အချောထည်များကို ဧရာဝတီတိုင်းဒေသကြီးအ တွင်းရှိ ရေကြည်မြို့နယ်တွင် အဓိကထုတ်လုပ်ပြီး မြစ်ကြီးနား၊ ဗန်းမော်၊ ရခိုင်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒေသများသည်
ကြိမ်အများဆုံး ထွက်ရှိရာ ဒေသ များ ဖြစ်သည်။ "၂၀၀၇-၂၀၀၈ လောက်က ရေကြည် မြို့နယ်အောက်က ရွာပေါင်း ၉၉ အုပ်စုမှာ ၇၅ အုပ်စုလောက်က ကြိမ်လုပ်ငန်းလုပ် ကြပါတယ်။ ကုမ္ပဏီ တစ်ခုကို တစ်လ ကွန်တိန်နာ ၂၅ လုံးကနေ ၃၀ ကြား လောက် ရန်ကုန် ကို ပုံမှန် ပို့နိုင်တယ်။ အခု ကုမ္ပဏီတစ်ခုကို တစ်လကွန်တိန်နာ တစ်လုံး တောင် အနိုင်နိုင်ပို့နေရတယ်" ဟု ရေကြည်မြို့နယ်ရှိ ကြိမ်အချောထည် ထုတ်လုပ်သူများအစုအဖွဲ့မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစောနိုင် က မြန်မာတိုင်း(မ်)ကို ပြောသည်။ လက်ရှိတွင် ကြိမ်ကုန်ချောထည် ပြည်ပသို့ တင်ပို့မှုမှာ ၂၀၀၇-၂၀၀၈ အတွင်းက တင်ပို့မှု၏ ၁၀ ရာခိုင်နှုန်းခန့် သာရှိပြီး ထိုကဲ့သို့ ပို့ကုန် လုပ်ငန်းဆိုးရွားစွာကျဆင်းမှုကြောင့် ကြိမ်လုပ်ငန်းမှာ ပျောက်ကွယ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ၎င်းကပြောသည်။ "အဓိက အရင်းအမြစ်က ကုန်ကြမ်းပါ။ ကုန်ကြမ်းဖြစ်တဲ့ ကြိမ်တွေက မန္တလေးကတစ်ဆင့် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး က နေ တရားဝင်ရော တရားမ၀င်ရောပေါင်းပြီး အလုံးအရင်းနဲ့ တရုတ်ဘက်ကို တင်ပို့နေကြပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေက ဒေသ ထွက် ကြိမ်ပင်တွေရှိနေပါလျက်နဲ့ ဈေးကြီးပေး ၀ယ်ရနေတဲ့အပြင် လိုသလောက်လည်း မရနိုင်ဘူး" ဟု ၎င်းက ပြောသည်။ ကုန်ကြမ်းဈေးမှာ ၂၀၁၂ ခုနှစ်တွင် ၂၀၁၁ ခုနှစ်က ဈေးထက်ထက်ဝက်ခန့် မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ထိုသို့ကုန်ကြမ်းဈေး မြင့်တက် ခြင်းကြောင့် ရန်ကုန် သို့တင်ပို့သော အချောထည်ဈေးများပါ မြင့်တက်လာခဲ့ခြင်းကြောင့် ပို့ကုန်သမား များအတွက်လည်း အခက်အခဲ ရှိလာ ခြင်းကြောင့် ပို့ကုန်အတွက် မှာကြားမှုပါ လျော့လာကြောင်း ၎င်းက ပြောသည်။ "နိုင်ငံတကာဈေးကွက်မှာ မြန်မာ့ ကြိမ်အချောထည်က ဗီယက်နမ်နဲ့ အင်ဒို နီးရှားက ကြိမ်ထည်တွေနဲ့ အရည်အသွေး ပိုင်းမှာ ယှဉ်နိုင် ပေမယ့် ဈေးနှုန်းမှာ မြန်မာ ကပိုများနေတော့ မယှဉ်နိုင်တော့ဘူး။ အဓိကဈေးကွက်က အီးယူနဲ့ အနောက် နိုင်ငံတွေပါ။ ၂၀၀၃ ခုနှစ်က စပြီး စီးပွား ရေးအရ အရေးယူပိတ်ဆို့မှုတွေ လုပ်လိုက်တော့ ကြိမ်အချောထည်တွေ ကို ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေ ကနေတစ်ဆင့် သူတို့နိုင်ငံထုတ်ဆိုပြီး ရောင်းချရတယ်။ အဲဒီလိုအချိန်တုန်းက တောင် အဆင်ပြေခဲ့ပြီး အခုပိတ်ဆို့မှု တွေမရှိတော့တဲ့ အချိန်ရောက် တော့မှ ဒီလိုကုန်ကြမ်းဈေးတွေ မြင့်လာတာ" ဟု ဦးစောနိုင်က ပြောသည်။ ၁၉၉၂ ခုနစ်မှ ၂၀၀၈ ခုနစ်အထိ ရေကြည်မြို့တွင် ကြိမ်လုပ်ငန်းလုပ်ကိုင် သော ကုမ္ပဏီပေါင်း ၇၀ ကျော်ရှိသော် လည်း ၂၀၁၂ တွင် ၂၅ ခုသာ ကျန်တော့ ကြောင်း ဦးခင်မောင်ထွန်းက ပြောသည်။ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးနိုင် ဦးကလည်း နိုင်ငံတကာ ဈေးကွက်တွင် ကြိမ်အချောထည် အဓိကတင်ပို့သည့် ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံများတွင် ပြည်ပသို့ ကုန်ကြမ်းတင်ပို့မှုကို ၂၀၁၁ ခုနှစ်မှစခါ ငါးနှစ်ပိတ်ပင်လိုက်ခြင်းကြောင့် တရုတ်က မြန်မာနိုင်ငံမှ ကုန်ကြမ်း ဈေးကွက်ကို အားထားလာခြင်းဖြစ် ကြောင်း ပြောသည်။ ရန်ကုန်မြို့တွင် ယခင်က ကြိမ်အချောထည် တင်ပို့သည့်ကုမ္ပဏီ ၁၁ ခုရှိ သော်လည်း ယခုကိုးခုခန့်သာကျန်ရှိပြီး အများစုမှာ ရေကြည် မှ ကြိမ်အချောထည် များကိုသာ အားထားဝယ်ယူ၍ တန်ဖိုး မြှင့်အချောသပ်ကာ ပြည်ပသို့ တင်ပို့ နေခြင်း ဖြစ်သည်။
ကနောင်မင်းသားလေး

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..