လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, October 2, 2012

ရန်ကုန်တိုင်းဒေသကြီးရှိ မီကာဆာဟိုတယ်တွင် အမေရိကန်နိုင်ငံသားတစ်ဦး အခန်းအတွင်း သေဆုံးမှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီးရှိ မီကာဆာဟို တယ်တွင် အမေရိကန်နိုင်ငံသားတစ်ဦး အခန်းအတွင်း သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂နာရီ အချိန်တွင် ရန်ကင်းမြို့နယ်၊ ၇ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းရှိ မီကာဆာဟိုတယ်၊ သုံးလွှာ၊ အခန်းအမှတ်---တွင် သေ ဆုံး သူမှာ Mr. James Allen Hagler (အမေရိကန်နိုင်ငံသား)၊ ၅၉နှစ်၊ (ဘ) Mr. Hagler, Passport No.452056579, Visa No. I.065812, Daewoo International Corp Myanmar E&P, Senior Drilling Engineer (တွင်း တူးအင်ဂျင်နီယာ)၊ ၆မိုင်ခွဲ၊ IBC ရုံး၊ ရေနံနှင့်သဘာ ၀ဓာတ်ငွေ့
ထုတ်လုပ်ရေးကုမ္ပဏီ (တောင်ကိုရီးယား)၊ လိပ်စာ Awattra Sdnbhd Lot. 144- 14th Floor, WUMA COSWAY JAIAN RRAJA CHULAN KUALALUMPUR 50200 WILLAWAH RERSEUTUAN MALAYSIAဲ ဖြစ်ပြီး ကုတင်ပေါ်တွင် အကျီမပါပဲ ဘောင်းဘီတိုဝတ်ဆင်လျက် သေဆုံးလျက်ရှိကြောင်း သိရှိရသည်။ သေဆုံးသူသည် ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်နေ့မှ အောက်တိုဘာလ ၃ရက်နေ့ ထိ တည်းခိုနေထိုင်သူဖြစ်ကြောင်း သိရှိရသည်။ အလောင်းအား ရန်ကုန်ဆေးရုံ ကြီးသို့ ပို့အပ်ရာ ပီအာရ်-၀၇၉ဖြင့် လက်ခံထား ရှိသောကြောင့် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန် ရန်ကင်းရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် ၆/၂၀၁၂ ဖြင့် အမှုဖွင့်ပြီး အမှုစစ်မှ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
Eleven Media group

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..