လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, September 30, 2012

မြို့နယ် ၇ မြို့နယ်တွင် GSM စခန်းများ တိုးချဲ့ တပ်ဆင်ရန် လိုအပ်လျက်ရှိ -

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၇ မြို့နယ်မှာ GSM စခန်းများ တိုးချဲ့ တပ်ဆင်ဖို့ လိုအပ်လျက် ရှိတယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို GSM စခန်းများ တိုးချဲ့ တပ်ဆင်ဖို့ လိုအပ်လျက် ရှိတဲ့ မြို့နယ် ၇ မြို့နယ်တို့ ကတော့ မင်္ဂလာဒုံ မြို့နယ်၊ တောင်ဒဂုံ မြို့နယ်၊ အင်းစိန် မြို့နယ်၊ မြောက်ဒဂုံ မြို့နယ်၊ လှိုင်သာယာ မြို့နယ်၊ ရွှေပြည်သာ



မြို့နယ်နဲ့ မြောက်ဥက္ကလာပ မြို့နယ် တို့မှာ တပ်ဆင်ဖို့ လိုအပ်လျက် ရှိတာ ဖြစ်ပါတယ်။ဒါ့အပြင် အဆိုပါ မြို့နယ်များမှာ Roof top Mobile Antenna များ တပ်ဆင်ပါက ပိုမို သင့်လျော်ပြီး ပြည်သူလူထု ပြောဆို ဆက်သွယ်ရေး အဆင်ပြေ စေနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အခု လက်ရှိ မှာတော့ Roof top Mobile Antenna တပ်ဆင်ဖို့ အတွက် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၁၆ မြို့နယ်မှာ လိုအပ်လျက် ရှိတာဖြစ်ပြီး အဆိုပါ Roof top Mobile Antenna များရှိတဲ့ ပတ်ဝန်းကျင်မှာ မိုဘိုင်း တယ်လီဖုန်း ဆက်သွယ် ပြောဆိုမှု ပြတ်တောက်ဖို့ အတွက် ခဲယဉ်းတာ ဖြစ်တယ်လို့ သိရပါတယ်။
ဆရာဂေါ် မှ ကနောင်သားလေးဇင်အောင်

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..