လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, September 23, 2012

ထိုင်းနိုင်ငံဖူးခက်ရွှေဆိုင် လုယက်မှုနှင့် ပတ်သက်သူဟု ယူဆရသူအားဖမ်းမိ

ဖူးခက်ရွှေဆိုင် လုယက်မှု နှင့်ပါတ်သက်သည့် တရားခံတစ်ဦးအား ယမန်နေ့ညနေက မဲဆောက် ကို သွားမည့် ဖူးခက် ကားဂိတ်တွင် ယမန်နေ့က ဖမ်းဆီးမိကြောင်းယနေ့ထုတ် ထိုင်းရပ် သတင်းစာ တွင် ရေးသား ထားသည်။ လုယက်သူများမှာ ကရင်လူမျိုး ကိုမေ့ နှင့် ကိုစော (ခ) ဝေါ အသက် ၃၅ နှစ် ဖြစ်သည်။ ကိုစော ၏ ဇနီးဖြစ်သူ အသက် ၃၁နှစ် အရွယ် မွန်လူမျိုး နန်းမူးစာ သည် ရွှေဆိုင်မှ
ခင်ပွန်းဖြစ် သူ လုယက်လာ သော ရွှေထည်များကို ခေါင်းလျှော်ရည်ဗူးတွင် ထည့်ကာ နေရပ်ရင်းမြန်မာပြည်သို့ပြန်ရန် ပြင်ဆင်ခဲ့သည်။ ကိုစော၏ ဇနီးဖြစ်သူ နန်းမူးစာ အား မယ်ဆောက်သို့ ပြန်မည့် ဖူးခက်ကားဂိတ်တွင် ရဲများဖမ်း ဆီးပြီး ခေါင်းလျော်ရည် ဗူးများကို ထုတ်၍ စစ်ဆေး သည့်အခါ ရွှေ ၈၇ ကျပ်သား တွေ့ရှိရခြင်းဖြစ်သည်။ ယမန်နေ့ ညနေက ဖူကက် မြို့နယ် တရားရုံးမှ ဖမ်းဝရမ်း အမှတ် ၄၉၀/၂၀၁၂ ထုတ်ပြီးနောက် အမှတ်(၈)ရဲဌာနချုပ်က စုံစမ်းထောက်လှမ်းမှုများကြောင့် ရွှေဆိုင်လုယက်မှုကို ညနေ ၃း၁၅ တွင် အမှုမှန် ကို ဖေါ်ထုတ်နိုင်ခဲ့သည်။ လုယက်မှုကို ကျူလွန်သူဟု ယူဆရသူ အမျိုးသား ၂ဦးကို ဖမ်းဆီးနိုင်ရေး အတွက် ရဲတပ်ဖွဲ့က အပူတပြင်း ရှာဖွေလျှက်ရှိသည်။ စက်တင်ဘာ ၁၇ ရက်နေ့က ဖူးခက်မြို့ လတ်စဒါရပ်ကွက် နယ်မြေ(၇) လမ်းသွယ်(၁၀)အနီး တွင်ရှိ သော ရွှေဆိုင်မှ ရွှေအလေးချိန် ၁၅၀ ကျပ်သားအား မြန်မာအလုပ်သမား ဟုယူဆသူ ၂ဦးက လုယက် ယူငင်သွားခဲ့သည်။ ကိုစော သည် ရွှေမလုယက်မီအရင်တလ အတွင်း ချော့( ခ်) ဖြစ်နိုင်သော ဘက်ထရီ လက်ကိုင်တစ်ခုနှင့် ရွှေလု ယက်မှုတစ်ခု ကိုကျုးလွန်ခဲ့ရာ မအောင်မြင်ခဲ့ကြောင်းသူမက ထွက်ဆိုသည်။ ရွှေဆိုင် လုယက်မှုနှင့်ပတ်သက်၍ နန်းမူစာမသိခဲကြောင်း ခေါင်း လျော်ရည် ဗူးထဲတွင် ရွှေထည့် ထားမှန်း မသိကြောင်း၊ သူမ၏ ခင်ပွန်းသည်မှ အိမ်ကိုပြန်သွားခိုင်းကြောင်း ရဲများကို ထွက်ဆိုသည်။ တာဝန်ရှိသူများက လုယက်လာသော ရွှေများကို လက်ခံမှုဖြင့် တရားစွဲဆိုမည် ဖြစ်ကြောင်းပြောသည်။
ATK မှ ကနောင်သားလေးဇင်အောင်

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..