လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, September 27, 2012

ဖားကန့်မှစစ်ဘေးရှောင်သူများ လမ်းပန်းဆက်သွယ်ရေးကြောင့် အခက်တွေ့နေ

 ဖားကန့်မှစစ်ဘေးရှောင်သူများ လမ်းပန်းဆက်သွယ်ရေးကြောင့် အခက်တွေ့နေ Thursday, September 27, 2012 စက်တင်ဘာ(၂၄) ဖားကန့်မြို့နယ် သံတောင်စစ်ပွဲအပြီး ဖားကန့်တွင် စစ်ဘေးတိမ်းရှောင်သူများ ပိုမိုများပြား လာကြောင်း ဒေသခံများထံက သိရှိရသည်။ ကချင်ပြည်နယ် ဖားကန့်ဒေသရှိ စစ်ဘေးရှောင်မည့် ပြည်သူများသည် လမ်းပန်းဆက်သွယ်ရေး အခက်ခဲများကြောင့်
စစ်ဘေးတိမ်းရှောင်ရန် မလွယ်ကူပဲ စစ်ဘေးဒဏ်ကို ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း ဒေသခံများ ထံက သိရသည်။ စက်တင်ဘာ(၂၂)ရက်မှ (၂၄)ရက်နေ့အထိ ဖားကန့်မြို့နယ် သံတောင်တောင်တွင် စစ်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ(၃)ဦး သေဆုံးခဲ့ပြီးနောက် စစ်ဘေးတိမ်းရှောင်သူပိုမိုများပြားလာကြောင်း NLD အဖွဲ့မှ ဦးလဆိုင်းထံက သိရသည်။ “ကျွန်တော်တို့ဆီက စစ်ဘေးရှောင်ဖို့အများစုက မြစ်ကြီးနားကို ရှောင်ကြတာများတယ်။ အဲဒီကို သွားမယ်ဆိုရင် (၁၀) နာရီလောက် မောင်းရတယ်။ ကားတစ်စီးကို အထုတ်အပိုးတွေနဲ့ လူ(၃)(၄) ယောက် လောက်ပဲ စီးနိုင်တယ်။ ထွက်တဲ့ ကားတွေလည်း သိပ်မရှိဘူး။” ဟု ဖားကန့်မှ ဒေသခံ တစ်ဦးက ပြောသည်။ ဖားကန့်စစ်ဘေးရှောင်သူများသည် နီးစပ်ရာဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ ရိုးရာယဉ်ကျေးမှုရုံး များတွင် လာရောက် ခိုလှုံကြပြီး ငွေကြေးတတ်နိုင်သူအချို့သာ မိမိဇာတိ ရပ်ရွာသို့ ပြန်သွားလေ့ရှိ ကြောင်းကိုလည်း သိရှိရသည်။ “မနက် ဖားကန့်ကနေထွက်ရင် ကိုးနာရီလောက် မောင်းရမယ်ထင်တယ်။ နွေရာသီဆိုရင်တော့ ခြောက်နာရီလောက် မောင်းရတယ်။ မိုးတွင်းဆိုတော့ လမ်းတွေက ချိုင့်ခွက်တွေ များတယ်။ မုန့်လင်မယားအိုးလို ဖြစ်တဲ့အချိန် ကျွန်တော်တို့ ကားမောင်းရတာ ခက်တယ်။ ဖြည်းဖြည်းချင်းပဲ မောင်းလို့ရတယ်။”ဟု ဒေသခံ ဦးလဆိုင်းက ပြောသည်။ ဖားကန့်မှ ထွက်သည့်ကားအများစုမှာ ဘန်ကား၊ ပါချဲရိုးကားများဖြစ်ကြပြီး ဘန်ကားတွင် လူချည်းသတ်သတ် ဆိုလျှင် (၈)ယောက်ခန့် စီးနိုင်ပြီး အထုတ်ပိုးများကို ကားအမိုးပေါ်နှင့် ဖင်ထိုင်ခုံအောက်များတွင် ထည့်ကာသွားရကြောင်း ၄င်းက ဆက်ပြောသည်။ “မြစ်ကြီးနားရောက်အောင်ဆိုရင် (၁၀) နာရီ မောင်းရပါတယ်။ အများငှားစီးနိုင်တဲ့ ကားလေး တွေကလည်း ဘန်ကားလေးတွေပါ။ အဲဒီကားလေးတွေက လူသုံးယောက်နဲ့ ပစ္စည်းတွေနဲ့ ဆိုရင်ပြည့်သွားပြီ အထုတ်အပိုးနဲ့ ပြေးကြရတာကိုး ကားတွေကလည်း သိပ်မရှိဘူး။ မပြေးနိုင်ပဲ ငုတ်တုတ်ကြီး နေနေရတာများတယ်။”ဟု ဖားကန့်သို့သွားရောက်ခဲ့သူ (၈၈)မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ဆိုသည်။ မိုင် (၆၀)ခရီးအား ကုမ္ပဏီ(၃၀)မှ တစ်ခုကို(၂)မိုင်ခန့် တာဝန်ယူကာ လမ်းများပြုပြင်လျှင် လမ်းခရီး ကောင်းသွားနိုင် မည်ဖြစ်ကြောင်း ကိုလည်း ၎င်းက အကြံပြုပြောကြားခဲ့သည်။ “မိုင်(၆၀)ခရီးကို (၁၀)နာရီမောင်းရတယ်။ တစ်နာရီကို (၆) မိုင်ပဲရှိတယ်။ ပြေးသွားရင်တောင် ဒီထက်ပိုပြီးတော့မြန်ဦးမယ်။ လမ်းတွေက ဒီဘက်ချိုင့်ကိုရှောင်ရင် ဟိုဘက်ကပိုနက်တဲ့ ချိုင့်ထဲကို ကျတယ်။ ဒါကမိုးတွင်းမှာရှိတဲ့ လမ်းပန်းဆက်သွယ်ရေး ၊ နောက် အန္တရာယ်လည်း တော်တော် များပါတယ်။”ဟု ကိုမင်းကိုနိုင်က ဆက်လက်ပြောကြားသည်။ (၈၈)မျိုးဆက်ကျောင်းသားများ၏ ဖားကန့်ခရီးစဉ်တွင် သတင်းထောက်များစီးနင်းလာသည့်ကားမှာ တိမ်းမှောက် ခဲ့ကြောင်းကိုလည်း သိရသည်။ ထွန်းနေအောင်(မြစ်မခ) Myit Makha Mediagroup စက်တင်ဘာ(၂၄) ဖားကန့်မြို့နယ် သံတောင်စစ်ပွဲအပြီး ဖားကန့်တွင် စစ်ဘေးတိမ်းရှောင်သူများ ပိုမိုများပြား လာကြောင်း ဒေသခံများထံက သိရှိရသည်။ ကချင်ပြည်နယ် ဖားကန့်ဒေသရှိ စစ်ဘေးရှောင်မည့် ပြည်သူများသည် လမ်းပန်းဆက်သွယ်ရေး အခက်ခဲများကြောင့် စစ်ဘေးတိမ်းရှောင်ရန် မလွယ်ကူပဲ စစ်ဘေးဒဏ်ကို ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။ စက်တင်ဘာ(၂၂)ရက်မှ (၂၄)ရက်နေ့အထိ ဖားကန့်မြို့နယ် သံတောင်တောင်တွင် စစ်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ(၃)ဦး သေဆုံးခဲ့ပြီးနောက် စစ်ဘေးတိမ်းရှောင်သူပိုမိုများပြားလာကြောင်း NLD အဖွဲ့မှ ဦးလဆိုင်းထံက သိရသည်။ “ကျွန်တော်တို့ဆီက စစ်ဘေးရှောင်ဖို့အများစုက မြစ်ကြီးနားကို ရှောင်ကြတာများတယ်။ အဲဒီကို သွားမယ်ဆိုရင် (၁၀) နာရီလောက် မောင်းရတယ်။ ကားတစ်စီးကို အထုတ်အပိုးတွေနဲ့ လူ(၃)(၄) ယောက် လောက်ပဲ စီးနိုင်တယ်။ ထွက်တဲ့ ကားတွေလည်း သိပ်မရှိဘူး။” ဟုဖားကန့်မှ ဒေသခံ တစ်ဦးက ပြောသည်။ ဖားကန့်စစ်ဘေးရှောင်သူများသည် နီးစပ်ရာဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ ရိုးရာယဉ်ကျေးမှုရုံး များတွင် လာရောက် ခိုလှုံကြပြီး ငွေကြေးတတ်နိုင်သူအချို့သာ မိမိဇာတိ ရပ်ရွာသို့ ပြန်သွားလေ့ရှိ ကြောင်းကိုလည်း သိရှိရသည်။ “မနက် ဖားကန့်ကနေထွက်ရင် ကိုးနာရီလောက် မောင်းရမယ်ထင်တယ်။ နွေရာသီဆိုရင်တော့ ခြောက်နာရီလောက် မောင်းရတယ်။ မိုးတွင်းဆိုတော့ လမ်းတွေက ချိုင့်ခွက်တွေ များတယ်။ မုန့်လင်မယားအိုးလို ဖြစ်တဲ့အချိန် ကျွန်တော်တို့ ကားမောင်းရတာ ခက်တယ်။ ဖြည်းဖြည်းချင်းပဲ မောင်းလို့ရတယ်။”ဟု ဒေသခံ ဦးလဆိုင်းက ပြောသည်။ ဖားကန့်မှ ထွက်သည့်ကားအများစုမှာ ဘန်ကား၊ ပါချဲရိုးကားများဖြစ်ကြပြီး ဘန်ကားတွင် လူချည်းသတ်သတ် ဆိုလျှင် (၈)ယောက်ခန့် စီးနိုင်ပြီး အထုတ်ပိုးများကို ကားအမိုးပေါ်နှင့် ဖင်ထိုင်ခုံအောက်များတွင် ထည့်ကာသွားရကြောင်း ၄င်းက ဆက်ပြောသည်။ “မြစ်ကြီးနားရောက်အောင်ဆိုရင် (၁၀) နာရီ မောင်းရပါတယ်။ အများငှားစီးနိုင်တဲ့ ကားလေး တွေကလည်း ဘန်ကားလေးတွေပါ။ အဲဒီကားလေးတွေက လူသုံးယောက်နဲ့ ပစ္စည်းတွေနဲ့ ဆိုရင်ပြည့်သွားပြီ အထုတ်အပိုးနဲ့ ပြေးကြရတာကိုး ကားတွေကလည်း သိပ်မရှိဘူး။ မပြေးနိုင်ပဲ ငုတ်တုတ်ကြီး နေနေရတာများတယ်။”ဟု ဖားကန့်သို့သွားရောက်ခဲ့သူ (၈၈)မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ဆိုသည်။ မိုင် (၆၀)ခရီးအား ကုမ္ပဏီ(၃၀)မှ တစ်ခုကို(၂)မိုင်ခန့် တာဝန်ယူကာ လမ်းများပြုပြင်လျှင် လမ်းခရီး ကောင်းသွားနိုင် မည်ဖြစ်ကြောင်း ကိုလည်း ၎င်းက အကြံပြုပြောကြားခဲ့သည်။ “မိုင်(၆၀)ခရီးကို (၁၀)နာရီမောင်းရတယ်။ တစ်နာရီကို (၆) မိုင်ပဲရှိတယ်။ ပြေးသွားရင်တောင် ဒီထက်ပိုပြီးတော့မြန်ဦးမယ်။ လမ်းတွေက ဒီဘက်ချိုင့်ကိုရှောင်ရင် ဟိုဘက်ကပိုနက်တဲ့ ချိုင့်ထဲကို ကျတယ်။ ဒါကမိုးတွင်းမှာရှိတဲ့ လမ်းပန်းဆက်သွယ်ရေး ၊ နောက်အန္တရာယ်လည်း တော်တော် များပါတယ်။”ဟု ကိုမင်းကိုနိုင်က ဆက်လက်ပြောကြားသည်။ (၈၈)မျိုးဆက်ကျောင်းသားများ၏ ဖားကန့်ခရီးစဉ်တွင် သတင်းထောက်များစီးနင်းလာသည့်ကားမှာ တိမ်းမှောက်ခဲ့ကြောင်းကိုလည်း သိရသည်။
ATK

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..