လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, September 28, 2012

ထိုင်းနိုင်ငံ လူသတ်မှုတွင် မြန်မာအလုပ်သမား "၂ " ဦးပါ အသတ်ခံရ

ထိုင်းနိုင်ငံ အလယ်ပိုင်း ဖစ်ခ်ျပူရီခရိုင်ထဲမှာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ပျောက်ဆုံး သွားသူ ထိုင်းဇနီးမောင်နှံ ၂ ဦး ရဲ့ အေလာင်း လို့  ယူဆရတဲ့ အရိုးစုတွေ တူးဖော်ရရှိခဲ့ပြီး အဲဒီ အေလာင်းတွေကို မြုပ်နှံဖို့  ခိုင်းစေခြင်းခံရတဲ့ မြန်မာအလုပ်သမား ၂ ဦးပါ နှုတ်ပိတ်တဲ့အေနနဲ့ အသတ်ခံခဲ့ရတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ဖစ်ခ်ျပူရီမြို့ ထာ့ယန်းမြို့ နယ် ကလတ်လူရွာထဲက ဆူဖတ်စပျစ်ခြံထဲမှာ အလုပ်ရှင် ဗိုလ်မှူးကြီး ဆူဖတ် လောဟပ်ဝပ်ထနက
ထိုင်းလင်မယား ၂ ဦးကို သတ်ပြီး အလောင်းတွေကို မြန်မာအလုပ်သမား ၃ ဦးကို မြုပ်နှံခိုင်းပုံနဲ့  မြေမြုပ်ပေးသူ ၃ ဦး အနက် ၂ ဦးကိုလည်း ထပ်မံသတ်ဖြတ်ခဲ့တယ်လို့ ကျန်ရစ်တဲ့ မောင်ကုလားရဲ့ ပြောဆိုချက် ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ မောင်ကုလားက ရဲထံမှာ အလုပ်ရှင်ရဲ့သတ်ဖြတ်မှုတွေကို ထွက်ဆိုပြီး အေလာင်းမြုပ်နှံ တဲ့နေရာ ၊ သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့နေရာတွေကို စက်တင်ဘာ ၂၆ ရက်နေ့ က လိုက်လံပြသခဲ့ပါတယ်။ လူသတ်မှုနဲ့  သံသယရှိသူ ဗိုလ်မှူးကြီး ဆုဖတ်ဟာ သူ့စပျစ်ခြံမှာ တရားမဝင် သေနတ်ပစ် လေ့ကျင့်ရေးကွင်းနဲ့  တရားမဝင် အလုပ်သမားတွေပါ တွေ့ ရှိတဲ့ အတွက် နောက်ထပ် အမှု ၂ မှုနဲ့ ထပ်ပြီး တရားစွဲခံရဖွယ် ရှိတယ်လို့ မြို့ နယ်ရဲစခန်းမှူးကြီး က ပြောပါတယ်။ ဖစ်ခ်ျပူရီ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးကေတာ့ သေဆုံးတဲ့ မြန်မာ အလုပ်သမား ၂ ဦးဟာ တရားဝင်မှတ်ပုံမတင်ထားလို့ ဘယ်သူဘယ်ဝါဆိုတာ မပြောနိုင်ဘူးလို့  ဆိုပါတယ်။ သက်သေထွက်ဆိုသူ မောင်ကုလားကို ဒီဗွီဘီက ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ရဲက သူ့လုံခြုံရေးအတွက် ထိန်းသိမ်းထားလို့  မေးမြန်းခွင့် မရပါဘူး။ အသက် ၅၀ နှစ်အရွယ် စပျစ်ခြံပိုင်ရှင် ဗိုလ်မှူးကြီး ဆူဖတ်ဟာ ရဲဆေးရုံ ဆရာဝန် လုပ်သက် ၂၅ နှစ် ထမ်းဆောင်ခဲ့ပြီး ၂၀ဝ၉ ခုနှစ်က ထိုင်းဇနီးမောင်နှံ ၂ ဦးနဲ့  အလုပ်သမား ၂ ဦးကို သတ်ဖြတ်အလောင်းဖျောက်ဖျက်မှုမှာ သံသယအရှိဆုံး လူအဖြစ် ဖစ်ချပူရီရဲစခန်းမှာ ထိန်းသိမ်းခံနေရပါတယ်။ စက်တင်ဘာ ၂၅ ရက်နေ့က သူ့ကို စစ်ဆေးခဲ့ရာမှာ လူသတ်မှုကိစ္စ မသိရကြောင်း၊ သူ့ခြံထဲမှာ တပါးသူက လာမြုပ်ထားတာဖြစ်နိုင်ကြောင်း၊ မောင်ကုလား ပြောတာတွေ မဟုတ်မှန်ကြောင်း ထွက်ဆိုခဲ့ပါတယ်။ သူ့ မိခင်ကို ပြုစုဖို့ အတွက် သူ့ကို အာမခံပေးဖို့ တောင်းဆိုပေမယ့် ရဲက မပေးပါဘူး။ စပျစ်ခြံတွင်းက တူးဖော်ရရှိတဲ့ အရိုးစု အပိုင်းအစေတွ၊ ကျည်ဆန်ခွံတွေကို ဒီအန်အေနဲ့  သိပ္ပံနည်းကျ စစ်ဆေးပြီး လာမယ့် အောက်တိုဘာ ၆ ရက်နေ့  မတိုင်ခင် အမှုမှန်ပေါ်အောင် ဖော်ထုတ်သွားမယ်လို့ ရဲဌာနနဲ့ တရားရုံး တာဝန်ရှိသူတွေ က ပြောထားကြောင်း ထိုင်းသတင်းဌာနမှာ ဖော်ပြ သွားပါတယ်။
DVB (မြန်မာပိုင်း)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..