လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, September 28, 2012

ဆေးယဉ်ပါး ငှက်ဖျားရောဂါ ထိန်းချုပ်ရန် လက်ရှိ သုံးနေသည့် ငှက်ဖျားဆေးကို ဖယ်ရှားမည်

ဆေးယဉ်ပါး ငှက်ဖျားရောဂါ ထိန်းချုပ်ရန် လက်ရှိ သုံးနေသည့် ငှက်ဖျားဆေးကို ဖယ်ရှားမည်ဆေးယဉ်ပါး ငှက်ဖျားရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ရန် လက်ရှိ သုံးနေသည့် Artemisinin ဆေးတစ်မျိုးတည်း ပါဝင်သော သောက်ဆေးများကို ယခုနှစ် နှစ်ကုန်နောက်ဆုံး ထား၍ ဈေးကွက်အတွင်းမှ အပြီးသတ်
ဖယ်ရှားတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ လူထုအတွင်း ဆေးယဉ်ပါး ငှက်ဖျားရောဂါ ပျံ့နှံ့မှု များပြားလာသည့် အတွက် ဆေးတစ်မျိုးတည်း ပါဝင်သည့် သောက်ဆေးများ အား ပြန်လည် ရုပ်သိမ်းပြီး ပဒုမ္မာတံဆိပ်ကပ်ထားသော ငှက်ဖျားဆေးပေါင်းအား အစားထိုး အသုံးပြုမည်ဖြစ်ကြောင်း PSI Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ၂၀၁၀ မှစတင်၍ ဆေးတစ်မျိုးတည်း ပါဝင်သော သောက်ဆေးများ တင်သွင်းခွင့်၊ လိုင်စင်သက်တမ်း တိုးခွင့်များအား ရပ်ဆိုင်းခဲ့ပြီး ဆေးယဉ်ပါး ငှက်ဖျားရောဂါ ဖြစ်စေ သည့် အကြောင်း အရာတစ်ခုဖြစ်သော ဆေးဆိုင်များတွင် ငှက်ဖျားပျောက်ဆေး ရောင်းချခြင်းအတွက်လည်း ဆေးဆိုင်များအား ကျန်းမာရေးပညာပေးများ ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဆိုသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားငှက်ဖျားတိုက်ဖျက်ရေးစီမံချက်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနနှင့် PSI Myanmar တို့ ပူးပေါင်းဆောင်ရွက်သည့် အဆိုပါ “Artemisinin ဆေးတစ်မျိုးတည်း ပါဝင်သော သောက်ဆေးများအား ဈေးကွက်အတွင်းမှ ဖယ်ရှားရန် ရှေ့လုပ်ငန်းစဉ်များ” အလုပ်ရုံဆွေးနွေးပွဲသို့ အလှူရှင်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဆေးကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ “အခုသောက်ရမယ့် ဆေးက အသက်အရွယ်နဲ့လိုက်ပြီး သောက်ရမယ့် ဆေးအညွှန်း ပုံစံမျိုးလည်းဖြစ်တော့ ကျွမ်းကျင်ဆရာဝန်နဲ့ တိုင်ပင်ပြီး စနစ်တကျ ကုသသင့်တယ်”ဟု PSI Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ငှက်ဖျားရောဂါသည် နိုင်ငံတွင်း ဦးစားပေး တိုက်ဖျက်ရမည့် ရောဂါများစာရင်းတွင် ပါဝင်ပြီး ထိရောက်သော ကုသမှုမရရှိပါက အသက်သေဆုံးသည်အထိ ဖြစ်ပွားသည့် ရောဂါလည်း ဖြစ်သည်။
7 Day news

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..