လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, September 23, 2012

ရွှေတိဂုံဘုရားပုံတော် နှင့် အရက်ပုလင်း

မလေးရှားနိုင်ငံ Teo Seng Chan အရက်ကုမ္ပဏီက သူတို့ရဲ့ထွက်ကုန်တခုမှာ ရွှေတိဂုံဘုရားပုံ တံဆိပ်ကပ်ထားကြောင်း သူတို့ဝက်ဆိုက်မှာ ရှိတဲ့ ပုံအရသိရပါတယ်။ ဒီကုမ္ပဏီက အရက်မျိုးစုံကို တံဆိပ်မျိုးစုံထုတ်ပါတယ်၊ မလေးရှား၊ စင်္ကာပူ နဲ့ ဗီယက်နမ်ဈေးကွက်တွေကိုပစ်မှတ်ထားပါတယ်
တဲ့။  ရှေ့ သို့ ဆက်ဖတ်လိုက်ရအောင် ကုမ္ပဏီဝက်ဘ်ဆိုက်မှာ ထုတ်ကုန်ပစ္စည်းများ (Products) ဆိုတဲ့နေရာကို ကလစ်လိုက်ရင် အရက် အုပ်စု ၉ မျိုးကိုတွေ့ရပါတယ်။အဲဒီထဲက Thai Liquor လို့ အမည်ပေးထားတဲ့အုပ်စုကို ကလစ်လိုက်ရင်ရွှေတိဂုံတံဆိပ် အရက်ပုလင်းများကိုတွေ့ရမှာပါ။ဒီကုမ္ပဏီ မလေးရှားမှာ အမှန်တကယ် တည်ရှိသလား၊ ဒီပစ္စည်းတွေ တကယ်ထုတ်လုပ်သလား ဆိုတာကိုတော့အတည်မပြုနိုင်သေးပါဘူး။သူတို့အွန်လိုင်းမှာ တွေ့ရတာကိုကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ဆရာဂေါ် မှ ကနောင်သားလေးဇင်

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..