လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, September 27, 2012

မြန်မာနိုင်ငံက ယမကာ လုလင်များအတွက် ၀မ်းမြောက်စရာ

မြန်မာနိုင်ငံမှာ ဘီယာစက်ရုံလာရောက်တည်ဆောက်ဖို့ ဆွေးနွေးနေကြပါပြီ။ ဒိန်းမတ်နိုင်ငံ Carlsberg Breweroes Co, Ltd နံမည်ကြီး ကားလ်စ်ဘတ် ဘီယာ ကုမ္ပဏီကြီးရဲ့ ဥက္ကဌလည်းဖြစ်၊ စီအီးအို လည်းဖြစ် တဲ့ Mr JOgen B Rasmussen ဦးဆောင်တဲ့အဖွဲ့နဲ့ ပဲခူးတိုင်း ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းတို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က ဘီယာစက်ရုံတည်ဆောက်ရေးအတွက် ဆွေးနွေးခဲ့ကြတဲ့အကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာထဲမှာတွေ့လိုက်ရတာပါ။ တချိန်ကတော့ မြန်မာနိုင်ငံမှာ ဘီယာ
စက်ရုံတချို့ရှိခဲ့ဖူးပါတယ်။ မြန်မာ ဘီယာတွေထဲမှာ မြန်မာဘီယာ၊ မန္တလေး ဘီယာ စတဲ့ တံဆိပ်တွေနဲ့ ဘီယာတွေကတော့ ပြည်တွင်းသာမက အရှေ့တောင် အာရှ နိုင်ငံတွ ထိ ထိုးဖောက်လာ နိုင်ခဲ့ပါတယ်။ စင်္ကာပူနိုင်ငံက ဒေါ်ဝင်းဝင်းနု ဦးစီး လုပ်ဆောင်ခဲ့တဲ့ ပုဂ္ဂလိက ပိုင် မန္တလေး ဘီယာစက်ရုံကတော့ ပိုပြီး နာမည် ကြီးခဲ့ပါတယ်။ ဒါပေမယ့် ယခင် စစ်အစိုးရ လက်ထက်က အဆိုပါ ဘီယာစက်ရုံကို နိုင်ငံပိုင် သိမ်းပိုက် ခံလိုက်ခြင်းကြောင့် မြန်မာနိုင်ငံကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံလိုသူတွေ အခုထိ တွန့်ဆုတ်သွားခဲ့ရတာပါ။ အခုတော့ မြန်မာ့လွှတ်တော်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေကို ရေးဆွဲခဲပြီး သမ္မတ လက်မှတ် ရေးထိုးဖို့ အဆင့်ဘဲ ကျန်ပါတော့တယ်။ သေချာတာကတော့ ကမ္ဘာကျော် နံမည်ကြီး Carlsberg ဘီယာ စက်ရုံ တည်ဆောက်ပြီးရင် မြန်မာနိုင်ငံမှာ ဘီယာ စက်ရုံသစ်တခုတိုးလာပြီး လက်ဘက် ရည်ဆိုင်တွေ အစား ဘီယာဆိုင်တွေ ပိုပေါများလာနိုင် မလားဆိုတာနဲ့ မြန်မာ ယမကာ လုလင်များ အတွက်တော့ သတင်းကောင်း တပုဒ် ဖြစ်မှာပါ။
ကနောင်သားလေးဇင်အောင်

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..