လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, September 23, 2012

တရုတ်ပြည်တွင် ကမ္ဘာ့အရှည်ဆုံးတံတားဖွင့်လှစ်

ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကို ဖြတ်ဆောက်ထားတဲ့ တံတားကို တရုတ်နိုင်ငံမှာ ကြာသပတေးနေ့က ဖွင့်လှစ်လိုက်ကြောင်းသိရပါတယ် ဒီတံတားဟာ၂၂ မိုင်ရှည်လျားပြီး တရုတ်နိုင်ငံ အရှေ့ပိုင်း ဆိပ်ကမ်းမြို့
ချင်ဒေါင်း (Qingdao) နဲ့ ဟွမ်ဒေါင်း (Huangdao) ကျွန်း အကြားက ဂျောက်ဇူး (Jiaozhou) ပင်လယ်ဝကို ဖြတ်ဆောက်ထားတာဖြစ်ပါတယ် ။ ဒီကမ္ဘာ့အရှည်ဆုံး တံတားကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၂,၃၀၀ လောက် အကုန်အကျခံ တည်ဆောက်ခဲ့တာဖြစ်ပြီး အဲဒီတံတား ဆောက်လိုက်တဲ့အတွက် အရင် ၄၅ မိနစ်သွားရတဲ့ ခရီးဟာ အခု မိနစ် ၂၀ ပဲ ကြာတော့မှာဖြစ်ကြောင်း အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။ ဒီတံတားကြောင့် ဟွမ်ဒေါင်းမှာရှိတဲ့ စက်မှုဇုန်ကို ဖွံ့ဖြိုး တိုးတက်စေမှာဖြစ်ပြီး ဆိပ်ကမ်းရဲ့ လုပ်ငန်းတွေလည်း တိုးချဲ့လာနိုင်မှာဖြစ်ကြောင်းလည်း အာဏာပိုင်တစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ အဆိုပါဆင်ဟွာ သတင်းမှာဖေါ်ပြထားကြောင်း သတင်းရရှိပါသည် ။
ဆရာဂေါ် မှ ကနောင်သားလေးဇင်အောင်

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..