ခန္ဓာကိုယ်ပေါ်မှာ တစ်သက်လုံး စွဲအောင် ထိုးထားတဲ့ ဆေးတွေကို ဖျက်ချင်ပါ သလား ခန္ဓာကိုယ်ပေါ်မှာ လှချင်လို့ပဲ ဖြစ်ဖြစ်၊ သတ္တိရှိတယ်ဆိုတာ ပြချင်လို့ ပဲဖြစ်ဖြစ် တစ်သက်လုံး စွဲသွားစေ မယ့် ဆေးတွေကို ထိုးလေ့ရှိကြပါ တယ်။ အဲဒါတွေကတော့ အမျိုးသား တွေရော၊ အမျိုးသမီးတွေပါ ထိုးလေ့ ရှိတဲ့ တက်တူး လို့ခေါ်တဲ့ ဆေးမင် ကြောင်တွေ၊ မျက်ခုံးမကောင်းတဲ့ အမျိုးသမီးလေးတွေ ထိုးလေ့ရှိတဲ့ မျက်ခုံးထဲ ကို ဆေးထိုးထည့် တာတွေ၊ နှုတ်ခမ်းနီဆိုး စရာ မ လိုဘဲ နှုတ်ခမ်း လေးရဲနေအောင် ထိုးလေ့ရှိတဲ့ နှုတ်
ခမ်းထဲ ဆေးထိုးထည့်တာတွေပါ။ လူဆိုတာ အကြိုက်က အမျိုး မျိုး ပြောင်းနေတတ်ကြတာလေ။ ဒီလို တစ်သက်လုံးစွဲသွားစေမယ့်ဆေးတွေ ထိုးထားပြီးမှ မကြိုက်တော့လို့ ဖျက်ချင်ရင် အရင်က ဖျက်လို့မရ ပေမယ့် အခုတော့ လေဆာနဲ့ ဖျက် လို့ရနေပါပြီ။ ဒါကြောင့် ဒီလိုအရာ တွေကို လေဆာနဲ့ဖျက်ပေးတဲ့ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ယောမင်း ကြီးလမ်း၊ တိုက် ၆၂/အေ၊ အခန်း ၄ မှာရှိတဲ့Face Life Skin Beauty (ဖုန်း-၂၅၄၉၅၇၊ ဝ၉၂၀၃၄၇၄၆) ကို သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။ ဒီနည်းကတော့
◆ ဖျက်လိုတဲ့နေရာကို ထုံဆေး လိမ်းပြီး ၄၅ မိနစ် ထားပေးရပါတယ်။
◆ ပြီးရင်လေဆာနဲ့ရိုက်ပေးရပါတယ်။
◆ လေဆာနဲ့ရိုက်လို့ အသားက နီရဲသွားပါတယ်။ အဲဒါကို ရေခဲနဲ့ မိနစ် ၃၀ လောက် အုပ်လိုက်၊ ခွာလိုက်လုပ်ပေးရပါတယ်။
◆ ပြီးရင်တော့ ဆေးလေးလိမ်းပေး လိုက်ရုံပါပဲ။ ဒီလို ကုထုံးတစ်ခါ ပြုလုပ်ပြီးတိုင်း အဲဒီနေရာကို ရေတစ်ရက်မထိရပါဘူး။ ပြုလုပ်ပြီးနောက် ၃ရက်မှ တစ် ပတ်လောက်အထိ နေ့စဉ် ဆေးလိမ်း ပေးရပါတယ်။ အဲဒီလို လေးပတ်ကို တစ်ခါ နှုန်းနဲ့ ၅ ခါကနေ ၆ ခါအထိ ပြုလုပ် ရင် လုံးဝပျောက်ကင်းသွားတယ်လို့ သိရှိပါတယ်။
ပန်းသွေးခြယ်
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment