လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, September 23, 2012

ကျူးကျော်နေအိမ် အဓမ္မဖျက်သိမ်းမှု တစ်ပတ်ဆိုင်းငံ့

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အတွင်းက ဇီးအုတ်နဲ့ ကံကြီးကုန်းကျေးရွာတွေမှာ လွန်ခဲ့တဲ့ (၂) ရက်ကစလို့ ကျူးကျော်နေအိမ်တွေ အဓမ္မ ဖျက်သိမ်းမှုကို ဒီကနေ့ တစ်ပတ်ဆိုင်းငံ့ လိုက်တယ်လို့ သိရပါတယ်။ ပြည်ကြီးတံခွန်မြို့နယ်၊ ကံကြီးကုန်းကျေးရွာ၊ မကွေးကျောင်းတိုက်မှာ ဒီကနေ့ နေ့
လည်ပိုင်းက ပြုလုပ်တဲ့ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပွဲမှာ အိမ်ဖျက်ခံရတဲ့ ပြည်သူတွေက မြေနေရာအစားပေးဖို့ ငိုယိုတောင်းပန်ကြတဲ့အတွက် ဖျက်သိမ်းမှုတွေကို သီတင်းတပတ် ရပ်နားထားဖို့ မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းက ပြောဆိုခဲ့တာ ဖြစ်တယ်လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ဒေသ ခံတွေက ပြောပါတယ်။ ပြည်ကြီးတံခွန်မြို့နယ်အတွင်းက မြေနေရာ ရောင်းမှား ၀ယ်မှားဖြစ်ထားတဲ့ နေအိမ်တွေကို အခုလ စက်တင်ဘာ (၂၀) ရက်နေ့မှာ အာဏာပိုင်တွေဘက်က စက်ယန္တားတွေနဲ့ အင်အားသုံးပြီး အဓမ္မဖယ်ရှား ရှင်းလင်းနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ကနောင်သားလေးဇင်အောင်

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..