လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, September 28, 2012

"မြန်မာအလုပ်သမ တစ်ဦး ကားတိုက်သေဆုံး"

ထိုင်းနိုင်ငံ ချုံဘူရီ ခရိုင် ဘန့်ဘူမြို့နယ် ကါးစက်ရုံအလုပ်သမား လင်မယားနှစ်ဦး ညနေ အလုပ်မှ စက်ဘီးစီ၍ပြန်လာကြစဉ် ၂စီးတွဲကား တိုက်မိသဖြင့် သေဆုံးသွားခဲ့သည့် မအေးနှင်းဖြူ အား ယမန်နေ့က သဂြိုဟ်လိုက်ပြီးဖြစ်သည်။ စက်တင်ဘာလ ၂၄ ရက် ညနေ ၅နာရီ အလုပ်လုပ်ပြီး ခင်ပွန်းသည် နှင့်အတူစက်ဘီး စီး၍ စက်ရုံလမ်း အတိုင်းပြန်လာကြစဉ် နောက်မှ လမ်းကျောအတိုင်း မောင်နှင်လာသည့်
၂စီတွဲကားကြီးက မျက်နှာချင်းဆိုင် မှလာသော ဟိုင်းလပ်ကါး သွားစေရန် ဘယ်ဘက်ကို ချမောင်း စဉ် အလုပ်သမား လင်မယားစီးလာသည့် စက်ဘီးကိုတိုက်မိခြင်းဖြစ်သည်။ စက်ဘီး မှာ လမ်းဘေးတွင် လဲသွားပြီး နောက်မှ ထိုင်လိုက်လာသော မအေးနှင်းဖြူ ကို နောက်ဘီး နှင့် ဗိုက်ဘေး တချမ်း အကြိတ်ခံရကါ ဆေးရုံ အရောက်တွင် သေဆုံးသွားခဲ့သည်။ ခင်ပွန်းသည် မှာဒူးဂေါင်းတွင် ဒဏ်ရာရရှိခဲ့သည်။ သဂြိုဟ်ရေးအတွက် ဘန်ကောက်မြို့ ၀ပ်တလုံးဘုန်းတော်ကြီး ကျောင်းမှ ကူညီရေး ဆရာတော် ဦးဇောတိက ကဘတ်ငွေ ၂၀၀၀ ထောက်ပံ့ကူညီပြီး အစအဆုံး ကူညီပေး ခဲ့ကြောင်း သိရှိရသည်။ သေဆုံးသူ အသက်၂၀ အရွယ်မအေးနှင်းဖြူ သည် ကရင်ပြည်နယ်လှိုင်းဘွဲ့ မြို့နယ် ပေါင်ရေပူ ကျေးရွာ မှအဖ ဦးဖိုးတင် မိခင် ဒေါ်စောတင် တို့၏ သားသမီး ၅ ဦး ရှိသည့်အနက် အငယ်ဆုံး သမီးဖြစ်သည်။ အလောင်းသဂြိုဟ်သည့်နေ့က တိုက်မိသည့် ကားသမားက မိသားစုတစ်ဦးကိုစေလွှတ်၍ ဘတ်ငွေ ၄၀၀၀၀ ပေးခဲ့သည်။ သေဆုံးသူတို့၏ လုပ်ငန်းရှင်က လူ့အသက်တစ်ချောင်းကို ဘတ်လေးသောင်းဖြင့် တန်ဘိုးဖြတ်သလော့ဟု ပြောသဖြင့် နောက်ထပ် ပေးလျှော်ဦးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြောင်းသိရသည်။

 မြတ်ညို(အလွတ်သတင်းထောက်)(ရွှေလုပ်သား)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..