လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, September 22, 2012

စစ်ကိုင်းမြို့ သမန်းကုန်း ဘုရားဝင်းအတွင်းမှ ဗုဒ္ဓရုပ်ပွားဆင်းတု ဦးခေါင်း တော်များ ပျောက်ဆုံး

စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက် သမန်းကုန်း ဘုရားဝင်းအတွင်းမှ ဘုရားဆင်းတု များ၏ ဦးခေါင်းတော်များနှင့် ရဟန္တာ ရုပ်တုတော်များ ပျောက်ဆုံးနေကြောင်း သတင်းအရ စစ်ကိုင်းမြို့ အမှတ်(၁) ရဲစခန်းမှ ဒုတိယရဲအုပ် လှိုင်မြင့်နှင့် တပ်ဖွဲ့ ဝင်များ၊ ပိုးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့မှ သွားရောက် စစ်ဆေးရာ သမန်းကုန်း ဘုရားလှိုဏ်ဂူတော် အတွင်းမှ ဉာဏ်တော်အမြင့်(၃၆) လက်မ
ထိုင်တော်မူ ကျောက်ဆင်းတု ဘုရားမှ (၇)လက်မခန့်ရှိ ဦးခေါင်းတော် တစ်လုံး၊ ရွှေဘုန်းပွင့်ဘုရား လှိုဏ်ဂူ အတွင်းမှ ဉာဏ်တော် အမြင့် (၂၇)လက်မ ခန့်ရှိ ထိုင်တော်မူ ကျောက်ဆင်းတု ဘုရားမှ(၇)လက်မ ခန့်ရှိ ဦးခေါင်းတော် တစ်လုံးနှင့် ကျောက်ဆင်းတု (၁၅)လက်မခန့်ရှိ ထိုင်တော်မူ ရဟန္တာရုပ်တု(၂)ဆူ၊ ဗောဓိရွှေညောင်ပင် အောက်မှ ဦးခေါင်း တော်တစ်လုံး အသီးသီး ပျောက်ဆုံးလျက် ရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။ ဘုရားဆင်းတုများ၏ ဦးခေါင်းတော်များနှင့် ရဟန္တာ ရုပ်တုတော်များသည် စက်တင်ဘာ ၈ ရက် ညပိုင်းတွင် ပျောက်ဆုံးခဲ့ခြင်း ဖြစ်ပြီးတရားခံများအား အမြန်ဆုံးဖမ်းမိရေး အတွက် တာဝန်ရှိသူများက စုံစမ်း ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ATK မှ ကနောင်သားလေးဇင်အောင်

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..