လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, April 23, 2013

ဘုရားသုံဆူလမ်းကြောင်းမှ သင်္ကြန်ပြီး ထိုင်းသို့ ပြန်ဝင်လာသည့်မြန်မာအလုပ်သမားများဖြင့် စည်ကား

Photo: ဘုရားသုံဆူလမ်းကြောင်းမှ သင်္ကြန်ပြီး ထိုင်းသို့ ပြန်ဝင်လာသည့်မြန်မာအလုပ်သမားများဖြင့် စည်ကား
Tuesday, April 23, 2013

မင်းတော်လဝီ - မြန်မာနိုင်ငံ၏သင်္ကြန်ပွဲတော်ကိုဆင်နွှဲပြီး ထိုင်းနိုင်ငံသို့ပြန်လာ အလုပ်လုပ်သည့် မြန်မာနိုင်ငံမှ အလုပ်သမား များသည် ဧပြီလ၁၉ရက်နေ့မှစ၍ ဘုရားသုံးဆူလမ်းကြောင်းမှထိုင်း နိုင်ငံသို့ဝင်လာ နေသည့် အလုပ်သမား များ ဘုရားသုံးဆူမြို့နှင့် နယ်စပ်ဂိတ်များတွင် စည်ကားနေသည်ဟု ဘုရား သုံးဆူမြိ့ မှသိရသည်။

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဂိတ်မှာ နပ်စစ်ဖြတ်ကျော်ခွင့်ကို ယခုနှစ်တွင်ဖွင့်ထား၍ ယခုလို မြန် မာနိုင်ငံမှ အလုပ်သမားများ လွတ်လပ်စွာ ဝင်ရောက်နိုင်သည်ဟု နယ်စပ်လူဝင်မှုစီစစ်ရေးဌာနနှင့် နီးစပ်သူ ဘုရားသုံးဆူ မြို့ခံတဦးကပြော သည်။

“ယာယီပတ်စပို့ ကိုင်ထားသူတွေဟာ လွန်ခဲ့တဲ့နှစ်တွေမှာ မြဝတီ၊ကော့သောင်တို့လို နယ်စပ် ဂိတ် တွေကို သွား ပြီးဝင်ထွက် လုပ်နေရတယ်၊အခုတော့ ဘုရားသုံးဆူဂိတ်မှာ လည်းဝင်လို့ရနေတော့ အဆင်ပြေနေကြတယ်”ဟု သူကပြော သည်။

ဘုရားသုံးဆူနယ်စပ်ဂိတ်ကိုဖြတ်ကျော်ပြီးထိုင်းသို့ဝင်ရောက်ရန်ပြည်နယ်ပြည်မမှလသူများ သည် သံဖြူဇရပ်မြို့၊ ရေးမြို့နှင့်ကြာအင်း ဆိပ်ကြီးမြို့မှ မော်တော်ယာဉ်လမ်းကြောင်းမှရောက်လာသူများ ဖြစ်သည်။

သင်္ကြန်လွန်ချိန်ကားလမ်းမပျက်ခင်မှာလမ်းကြောင်းသုံးကြောင်းမှ ဘုရားသုံးဆမြိုး သို့နေ့စဉ် မော် တော် ယာဉ်ကားကြီးကားငယ်အစီးရေ ၂၀ ကျော်နေ့စဉ်ရောက်ရှိနေပြီး လူဦးရေ(၃၀ဝ)မှ (၅၀ဝ) ဝန်းကျင်ယခု ရက် ပိုင်းမှာရှိနိုင်သည်ဟု မော်တော်ဆိုင်ကယ် အငှားလိုက်နေသူ တဦးကခန့်မှန်း ပြောသည်။

“ထိုင်းဘက်ကိုချက်ချင်းမဝင်ရသေးရင်ဂျပန်ရေတွင်း၊ကြံတောနဲ့ဘုရားသုံးဆူ ရပ်ကွက်တွေမှာ စေင့် ဆိုင်းနေတာ လည်းရှိတယ်၊တခိျု့ကချက်ချင်းဝင်ခွင့်ရဖို့ ဂိတ်တွေမှာတန်းစီပြီး အစစ်ဆေးခံ နေတာ လူပေါင်း၃၀ လောက်တန်းစီ နေတယ်” ဟု အငှားလိုက်ဆိုင်ကယ်သမားက ပြောသည်။

ယာယီပတ်စပို့ ကိုင်ဆောင်ထားသည့် မြန်ာမနိုင်ငံသား တဦးက စစ်ဆေးရေးဂိတ်များတွင် ထိုင်းဘတ် ၂၀ဝ ပေးဆောင်ပြီးမှစာရွက်စာတမ်းများကိုစစ်ဆေးပြီး ထိုင်းနိုင်ငံတွင်းသို့ တရားဝင် ဝင်ခွင့်ပြုသည်။

“တခိျု့အလုပ်ရှင်တွေကျတော့ကိုယ့်အလုပ်သမားတွေနဲ့ အချိတ်အဆက်လုပ်ပြီး နယ်စပ်ဘုရားသုံးဆူ အထိ မော်တော်ယာဉ်နဲးလာကြိုလို့ငွေမကုန်ဘူး၊သွားလာရေးအဆင်ပြေကြတယ်၊အလုပ်ရှင်လာမကြိုတဲ့သူကြတော့ ဘတ်ငွေ ၂၀ဝ အပြင် လမ်းစရိတ်ပါထပ်ကုန်တယ်”ဟု ဘုရားသုံးဆူမြို့က အလုပ်သမား အ ရေးကူညီပေးနေသည့် အဖွဲဝင်တဦးကပြောသည်။

ထိုင်းနိုင်ငံတွင်းသို့ လာရောက်အလုပ်လုပ်သူများသည် ယာယီပတ်စပို့နှင့် အလုပ်လုပ်ခွင့်လက်မှတ်များ ကိုင် ထားသူက ဦးရေများပြားပြီး အောက်လမ်းမှ ဝင်သူရောက်သူက ဦးရေ နည်းနေသည်။

သို့သော်အောက်လမ်းမှ ပွဲစားအကူအညီဖြင့် ဝင်ရောက်ရသည့် လူများမှာ သွားရောက်သည့် မြို့ အနီးအဝေး အလိုက် လူတဦးကို ဘတ် (၈၀ဝ၀) မှ( ၁၀ဝ၀ဝ ) အထိပွဲစားကို ပေးနေရသည်ဟု သိရသည်။

ထိုင်းမြန်မာနယ်စပ်ဘုရားသုံးဆူလမ်းသည် ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်ကို ဆက်သွယ်ထားသော လမ်း ကြောင်းများဖြစ်သည့် ရေးဘုရားသုံးဆူ၊ သံဖြူဇရပ်ဘရားသုံးဆူနှင့်ကြာအင်း ဆိပ်ကြီး ဘုရားသုံး ဆူ မော်တော် ယာဉ်လမ်းများမှာပွင့်လင်းရာသီတွင်သာခရီးသွားလာနိုင်ပြီး မိုးတွင်းကာ လတွင်ရေ လမ်းဖြင့်သာသွားလာရသည်။ ထိုလမ်းများအနက် သံဖြူဇရပ် ဘုရားသုံးဆူလမ်းသည် အသွားအလာ အများ ဆုံးဖြစ်ပြီး ၄င်းလမ်းပိုင်း နှင့်ကြာ အင်းဆိပ်ကြီးလမ်းပိုင်းကို ကေအင်ယူ ၏ထိမ်းကွပ်မှု အောက် တွင်တည်ရှိပြီး ရေးဘုရားသုံးဆူ လမ်းပိုင်း ကို မွန်ပြည်သစ်ပါတီ၏ ထိမ်းကွပ်မှုအောက်မှာ ရှိနေသည် ဟုသိရသည်။

မွန်သတင်း

မင်းတော်လဝီ - မြန်မာနိုင်ငံ၏သင်္ကြန်ပွဲတော်ကိုဆင်နွှဲပြီး ထိုင်းနိုင်ငံသို့ပြန်လာ အလုပ်လုပ်သည့် မြန်မာနိုင်ငံမှ အလုပ်သမား များသည် ဧပြီလ၁၉ရက်နေ့မှစ၍ ဘုရားသုံးဆူလမ်းကြောင်းမှထိုင်း နိုင်ငံသို့ဝင်လာ နေသည့် အလုပ်သမား များ ဘုရားသုံးဆူမြို့နှင့် နယ်စပ်ဂိတ်များတွင် စည်ကားနေသည်ဟု ဘုရား သုံးဆူမြိ့ မှသိရသည်။

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဂိတ်မှာ နပ်စစ်ဖြတ်ကျော်ခွင့်ကို ယခုနှစ်တွင်ဖွင့်ထား၍ ယခုလို မြန် မာနိုင်ငံမှ အလုပ်သမားများ လွတ်လပ်စွာ ဝင်ရောက်နိုင်သည်ဟု နယ်စပ်လူဝင်မှုစီစစ်ရေးဌာနနှင့် နီးစပ်သူ ဘုရားသုံးဆူ မြို့ခံတဦးကပြော သည်။

“ယာယီပတ်စပို့ ကိုင်ထားသူတွေဟာ လွန်ခဲ့တဲ့နှစ်တွေမှာ မြဝတီ၊ကော့သောင်တို့လို နယ်စပ် ဂိတ် တွေကို သွား ပြီးဝင်ထွက် လုပ်နေရတယ်၊အခုတော့ ဘုရားသုံးဆူဂိတ်မှာ လည်းဝင်လို့ရနေတော့ အဆင်ပြေနေကြတယ်”ဟု သူကပြော သည်။

ဘုရားသုံးဆူနယ်စပ်ဂိတ်ကိုဖြတ်ကျော်ပြီးထိုင်းသို့ဝင်ရောက်ရန်ပြည်နယ်ပြည်မမှလသူများ သည် သံဖြူဇရပ်မြို့၊ ရေးမြို့နှင့်ကြာအင်း ဆိပ်ကြီးမြို့မှ မော်တော်ယာဉ်လမ်းကြောင်းမှရောက်လာသူများ ဖြစ်သည်။

သင်္ကြန်လွန်ချိန်ကားလမ်းမပျက်ခင်မှာလမ်းကြောင်းသုံးကြောင်းမှ ဘုရားသုံးဆမြိုး သို့နေ့စဉ် မော် တော် ယာဉ်ကားကြီးကားငယ်အစီးရေ ၂၀ ကျော်နေ့စဉ်ရောက်ရှိနေပြီး လူဦးရေ(၃၀ဝ)မှ (၅၀ဝ) ဝန်းကျင်ယခု ရက် ပိုင်းမှာရှိနိုင်သည်ဟု မော်တော်ဆိုင်ကယ် အငှားလိုက်နေသူ တဦးကခန့်မှန်း ပြောသည်။

“ထိုင်းဘက်ကိုချက်ချင်းမဝင်ရသေးရင်ဂျပန်ရေတွင်း၊ကြံတောနဲ့ဘုရားသုံးဆူ ရပ်ကွက်တွေမှာ စေင့် ဆိုင်းနေတာ လည်းရှိတယ်၊တခိျု့ကချက်ချင်းဝင်ခွင့်ရဖို့ ဂိတ်တွေမှာတန်းစီပြီး အစစ်ဆေးခံ နေတာ လူပေါင်း၃၀ လောက်တန်းစီ နေတယ်” ဟု အငှားလိုက်ဆိုင်ကယ်သမားက ပြောသည်။

ယာယီပတ်စပို့ ကိုင်ဆောင်ထားသည့် မြန်ာမနိုင်ငံသား တဦးက စစ်ဆေးရေးဂိတ်များတွင် ထိုင်းဘတ် ၂၀ဝ ပေးဆောင်ပြီးမှစာရွက်စာတမ်းများကိုစစ်ဆေးပြီး ထိုင်းနိုင်ငံတွင်းသို့ တရားဝင် ဝင်ခွင့်ပြုသည်။

“တခိျု့အလုပ်ရှင်တွေကျတော့ကိုယ့်အလုပ်သမားတွေနဲ့ အချိတ်အဆက်လုပ်ပြီး နယ်စပ်ဘုရားသုံးဆူ အထိ မော်တော်ယာဉ်နဲးလာကြိုလို့ငွေမကုန်ဘူး၊သွားလာရေးအဆင်ပြေကြတယ်၊အလုပ်ရှင်လာမကြိုတဲ့
သူကြတော့ ဘတ်ငွေ ၂၀ဝ အပြင် လမ်းစရိတ်ပါထပ်ကုန်တယ်”ဟု ဘုရားသုံးဆူမြို့က အလုပ်သမား အ ရေးကူညီပေးနေသည့် အဖွဲဝင်တဦးကပြောသည်။

ထိုင်းနိုင်ငံတွင်းသို့ လာရောက်အလုပ်လုပ်သူများသည် ယာယီပတ်စပို့နှင့် အလုပ်လုပ်ခွင့်လက်မှတ်များ ကိုင် ထားသူက ဦးရေများပြားပြီး အောက်လမ်းမှ ဝင်သူရောက်သူက ဦးရေ နည်းနေသည်။

သို့သော်အောက်လမ်းမှ ပွဲစားအကူအညီဖြင့် ဝင်ရောက်ရသည့် လူများမှာ သွားရောက်သည့် မြို့ အနီးအဝေး အလိုက် လူတဦးကို ဘတ် (၈၀ဝ၀) မှ( ၁၀ဝ၀ဝ ) အထိပွဲစားကို ပေးနေရသည်ဟု သိရသည်။

ထိုင်းမြန်မာနယ်စပ်ဘုရားသုံးဆူလမ်းသည် ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်ကို ဆက်သွယ်ထားသော လမ်း ကြောင်းများဖြစ်သည့် ရေးဘုရားသုံးဆူ၊ သံဖြူဇရပ်ဘရားသုံးဆူနှင့်ကြာအင်း ဆိပ်ကြီး ဘုရားသုံး ဆူ မော်တော် ယာဉ်လမ်းများမှာပွင့်လင်းရာသီတွင်သာခရီးသွားလာနိုင်ပြီး မိုးတွင်းကာ လတွင်ရေ လမ်းဖြင့်သာသွားလာရသည်။ ထိုလမ်းများအနက် သံဖြူဇရပ် ဘုရားသုံးဆူလမ်းသည် အသွားအလာ အများ ဆုံးဖြစ်ပြီး ၄င်းလမ်းပိုင်း နှင့်ကြာ အင်းဆိပ်ကြီးလမ်းပိုင်းကို ကေအင်ယူ ၏ထိမ်းကွပ်မှု အောက် တွင်တည်ရှိပြီး ရေးဘုရားသုံးဆူ လမ်းပိုင်း ကို မွန်ပြည်သစ်ပါတီ၏ ထိမ်းကွပ်မှုအောက်မှာ ရှိနေသည် ဟုသိရသည်။

M မွန်သတင်း

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..