လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, April 16, 2014

နိုင်ဂျီးရီးယား ကျောင်းသူ တစ်ရာကျော် ဖမ်းဆီးခံရ

Photo: နိုင်ဂျီးရီးယား ကျောင်းသူ တစ်ရာကျော် ဖမ်းဆီးခံရ
Wednesday, April 16, 2014

နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်းက မိန်းကလေး ဘော်ဒါ ဆောင်တခုကို အစ္စလာမ်မစ် စစ်သွေး ကြွတွေက ၀င်ရောက်စီးနှင်းခဲ့ပြီး ကျောင်းသူ တစ်ရာကျော်ကို ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ပါတယ်။

အဲဒီ သေနတ်သမား တွေဟာ ညသန်းခေါင်ယံ အချိန်မှာ ဘော်ဒါဆောင်ကို ရောက်လာခဲ့ပြီး လော်ရီ ကုန်တင်ကား အပြင် ဘက်စ်စကား တစီးနဲ့ တောနက်ထဲကို မောင်းနှင် ခေါ်ဆောင် သွားခဲ့ပါတယ်။

နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းက ဘော်နိုပြည်နယ်ဟာ အစ္စလာမ်မစ် စစ်သွေးကြွတွေ ကြီးစိုးတဲ့ ဒေသဖြစ်ပါတယ်။

မော်တော်ယာဉ် စက်ချို့ယွင်းလို့ ကားနှေးသွားတဲ့ အချိန်မှာ ကျောင်းသူလေးတချို့ဟာ ကားပေါ်က ခုန်ချ ပြီး တောထဲမှာ ပုန်းခိုကာ မိုးလင်းတဲ့ အချိန်ကျမှ အိမ်ပြန်ခဲ့ကြတယ်လို့ လွတ်မြောက်လာတဲ့ ကျောင်းသူတွေထဲက တယောက်က ပြန်လည် ပြောပြခဲ့ပါတယ်။

ABC Radio Australia

အစ္စလာမ်မစ် စစ်သွေးကြွ ဘိုကိုဟာရမ် အဖွဲ့

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..