လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, June 20, 2013

နယူးယောက်တွင် ထရပ်ကားမောင်းသူ နည်းပါးမှုနှင့်ကြုံ

Photo: နယူးယောက်တွင် ထရပ်ကားမောင်းသူ နည်းပါးမှုနှင့်ကြုံ

နယူးယောက်မြို့မှ ထရပ်ကား ကုမ္ပဏီများသည် ယာဉ်မောင်းအလုပ် သမားရှားပါးမှုနှင့် ကြုံတွေ့ နေရသည်မှာ နှစ်များစွာ ကြာမြင့်နေပြီ ဖြစ်သည်။ ဖက်ဒရယ်၏ စည်းမျဉ်းဥပဒေ သစ်အရ ထရပ်ကား မောင်းသူတို့သည် သီတင်း တစ်ပတ် (၇) ရက်တွင် နာရီပေါင်း ၇ဝ ထက် ကျော်လွန်၍ မောင်းနှင်ခြင်း မပြုရန် နည်းဥပဒေ သစ်များကို ပြဋ္ဌာန်းလိုက်သဖြင့် ၄င်းသည် ဇူလိုင် ၁ ရက်မှစတင် အသက်ဝင်တော့မည် ဖြစ်သည်။

ဥပဒေသစ်က ပိုမို၍ပင် ဆိုးရွားသွား စေခဲ့ပေသည်။ စနစ်ဟောင်း၏ နည်းဥပဒေများမှာ ထရပ်ကားမောင်းသူများအား ၈၂ နာရီအထိ မောင်းနှင်နိုင်ခွင့် ရရှိခဲ့ကြသည်။ အလုပ်သမားစာရင်း ကိန်းဂ ဏန်းဗျူရို၏ စာရင်းပြုစုချက်အရ လွန်ခဲ့သည့် ၁၂ လခန့်က ထရပ်ကားကုမ္ပဏီ များသည် ယာဉ်မောင်းအလုပ်သမား ၄ဝဝဝဝ ကို ငှားရမ်းခဲ့သည်။ Werner Enterprise (WERN) သည် အလုပ် သမားများကို အပြင်းအထန် ခေါ်ယူနေ ပြီး ဒေါ်လာ ၅ဝဝဝ နှင့် စာချုပ်ချုပ် ရာတွင် တချို့အလုပ်များ အတွက် ဆုကြေး (Bonus) ပါပေးမည်ဟု ပြောသည်။ Swift Transporation (SWFT) ကမူ စစ်ပြန်စစ်မှုထမ်း ဟောင်းများကို ကြိုးစား ဆွဲဆောင်ခဲ့ရာတွင် သူတို့ကို အခမဲ့ ကားမောင်း သင်ပေးမည်ဟု ကမ်းလှမ်း ခဲ့သည်။ Delcan Corporation မှ သမ္ဘာရင့် အကဲဖြတ် သူ ရော့ဇ်ဝီလဆန် (Roz Wilson) က ခန့်မှန်း တွက်ချက်ခဲ့ရာတွင် အလုပ်သမား ၃ဝဝဝဝ ခန့် လိုအပ်နေပြီဟု သိရှိ ရသည်။ သီတင်း တစ်ပတ်လျှင် ကားမောင်းရမည့်

Read More >> http://bit.ly/104elMF

အချိန်အတိုင်း အတာများ
ကို လျှော့ချ လိုက်ပြီဟု သိရှိရသည်။ ယင်းသို့ လျှော့ချ လိုက်သဖြင့် နောက်ထပ်ယာဉ်မောင်း ၁ဝဝဝဝဝ လိုအပ်လာမည် ဖြစ်သည်။ ခရီးဝေး ကားမောင်းပေး သူများအတွက် ၂ဝ၁၂ ခုနှစ်တွင် ပျမ်းမျှ အပြောင်းအလဲသည် ၉ ဒသမ ၈ ရာခိုင်နှုန်းခန့် ရှိလာခဲ့သည်။ တချို့သည် တည်ဆောက်ရေး လုပ်ငန်း ခွင်များ၊ ရေနံတူးကုမ္ပဏီများ စသည့် လစာတိုးမြှင့် ခံစားရရှိနိုင်မည့် နေရာများသို့ ပြောင်းရွှေ့ လုပ်ကိုင်နေကြစဉ် အချို့သည် အနားယူသွားကြပြီ ဖြစ်ကြောင်း ဝီလဆင်က ပြောကြားခဲ့သည်။ ထရပ်ကား ယာဉ်မောင်းများ တစုတဝေးတည်း ထွက်ခွာသွားကြ၍ လူသစ် ရှာရန် ကုမ္ပဏီများ အခက်အခဲတွေ့နေကြရကြောင်း သူမက ပြောကြားသည်။ လုံခြုံ ရေးပိုင်းမှ စောဒကတက်၍ ပြောကြားရာတွင် အလုပ်လုပ်ချိန် ကန့်သတ်လိုက် ခြင်းကြောင့် မဟုတ် ကြောင်း၊ လုပ်ငန်းခွင် မသာ ယာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။  ယာဉ်မောင်းများသည် အလုပ်ကို မတရားခိုင်းခံခဲ့ရပြီး လစာ မရဘဲ ဖြစ်နေကြကြောင်း၊  ကျန်းမာရေး ချို့ယွင်းစေပြီး  လုံခြုံရေးမရှိဘဲ အန္တရာယ်များဖြင့် ကြုံတွေ့နေကြရ ကြောင်း ထရပ်ကားလုံခြုံရေး မဟာမိတ် အဖွဲ့၏ အမှုဆောင်ညွှန်ကြားရေးမှူး ဂျွန်လန်နင် (John Lannen) က ရှင်းပြသည်။ အလုပ်လက်မဲ့များ ပေါများနေ ချိန်တွင် ယာဉ်မောင်း ငှားရမ်း၍ မရရှိနိုင်သည့်  အကြောင်းရင်း တစ်ခုခုရှိနေ ပေလိမ့်မည်။  နည်းဥပဒေသစ်အရ ယာဉ်မောင်းတစ်ဦးအား တစ်နေ့ ၁၁ နာရီ မောင်းနှင်ခွင့် ပေးထားသော်လည်း ထရပ်ကား လုံခြုံရေး မဟာမိတ်အဖွဲ့က မည်သည့် နေ့တွင်မဆို တစ်နေ့ ၁ဝ နာရီထက် ပိုမမောင်းရန် ကန့်သတ်ပေး ချင်နေသည်။ ထို့အပြင် အဆိုပါ အုပ်စုက ယာဉ်မောင်းများအား အခကြေးငွေ ပေးရာတွင် မိုင်အလိုက် သို့မဟုတ် ခရီး တစ်ခေါက်မဟုတ်ဘဲ အလုပ်လုပ် ချိန်နာရီ အလိုက်ပေးချေ စေချင်သည် ဟုပြောသည်။ အလယ် အလတ်လစာသည် နောက်တွဲယာဉ်ပါ ထရပ်ကား မောင်းသူ  တစ်နှစ် လျှင် ဒေါ်လာ ၃၈ဝဝဝ ရရှိကြောင်း အလုပ်သမား စာရင်းဇယားဗျူရို၏ မှတ်တမ်းအရ သိရသည်။ ထရပ်ကား ယာဉ်မောင်း များအနေဖြင့် အန္တရာယ် ကင်းကင်းနှင့် လိုအပ်လျှင် ထိုက်သင့် သလို လျော်ကြေး ရစေချင်ကြောင်း လန်နင်ကပြော ကြားသည်။ ၁၉၇ဝ ပြည့်နှစ်ကတည်းက ထရပ်ကားကြီးများ ယာဉ်တိုက်ခိုက်မှု လျော့ကျသွားခဲ့သည်။ သယ်ယူပို့ဆောင် ရေးဌာန၏ စာရင်း ဇယားအရ ၂ဝ၁၁ ခုနှစ် ထရပ်ကားများ ယာဉ်တိုက်ခိုက်၍ မတော်တဆဖြစ်မှုတွင် လူပေါင်း ၃၈ဝဝ ခန့် သေဆုံးပြီး လူပေါင်း ၈၈ဝဝဝ ခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။
သို့သော်ငြားလည်း စည်းမျဉ်း ဥပဒေသစ်ကို စက်မှုစီးပွားရေး လုပ်ငန်းရှင်များ ကရော၊ လုံခြုံရေး ဆိုင်ရာ ရှေ့နေများကပါ လက်ကမ်းကြိုဆိုခြင်း မပြုခဲ့ကြပေ။ ထရပ်ကား လုံခြုံရေး မဟာမိတ်အဖွဲ့၏ စည်းမျဉ်းများသည် တင်းကျပ်လွန်းခြင်း မရှိကြောင်း ယူဆသည်။ သို့သော် လည်း Truckload Carriers Association ထရပ်ကားဖြင့် သယ်ယူပို့ ဆောင်ပေးနေသည့် အသင်းကမူ သူတို့၏ စီးပွားရေး လုပ်ငန်းတွင် အဆိုပါ စည်းမျဉ်းဥပဒေမှ ထိုးနှက်ချက် ပေးနေသည်ဟု ယူဆနေ ပေသည်။ နှစ်ဖက်စလုံးက ဝါရှင်တန်ဒီစီ တွင် စည်းမျဉ်းသစ်ကို ပြင်ဆင်ပေးရန် အယူခံရုံးသို့ တင်သွင်း ထားကြသည်။ ထရပ်ကားအသင်း၏ ညွှန်ကြားရေးမှူး ဒေးဗစ်ဟဲလား (David Heller) က ဤဥပဒေကို မည်သူကမျှ မကြိုက်ကြကြောင်း  အစိုးရ ပြဋ္ဌာန်းလိုက်သည့် ဥပဒေကို တရားရုံးမှ ပယ်ဖျက်ပေးနိုင် လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။      ။

ဦးတိုး (တက္ကသီလ)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..